မေရီလန်းတက္ကသိုလ်

April 25, 2017

မေရီလန်းတက္ကသိုလ်ကျောင်းဝင်းအနီး မီးလောင်မှုဖြစ်ပွား (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာရှိတဲ့ မေရီလန်းတက္ကသိုလ်ကျောင်းဝင်းအနီးက အဆောက်အဦတခုမှာ ဧပြီ ၂၄ ရက်နေ့က မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ ဒေသခံမီဒီယာတွေက ဆိုပါတယ်။ ဆောက်လုပ်နေဆဲ အဆောက်အဦမှာ မီးလောင်ကျွမ်းတာဖြစ်ပြီး ခေါင်မိုးပေါ်ကနေ မီးခိုးလုံးတွေ ထွက်နေတာကို မြင်တွေ့ရပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာကို မီးသတ်ဌာနအသီးသီးက မီးသတ်တပ်ဖွဲ့တွေ လာရောက် ငြှိမ်းသတ်ကြပါတယ်။ ဒါပေမယ့် မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရှိရသေးပါဘူး။
4 years Ago
Up