မေယုခတ္တာ

June 13, 2018

Miss Myanmar International 2018 အလှမယ်သရဖူ မေယုခတ္တာ ရရှိ (ဓာတ်ပုံ)

ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ မနေ့ညက ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် Miss Myanmar International အလှမယ်ရွေးချယ်ပွဲမှာ မေယုခတ္တာက အလှမယ်သရဖူကို ဆွတ်ခူးရရှိခဲ့ပါတယ်။ 1st Runner Up ဆုကိုတော့ အလှမယ် ပိုးအိမ့်ဇင်၊ 2nd Runner Up ဆုကိုတော့ အလှမယ် နေခြည်ထက်၊ 3rd Runner Up ဆုကိုတော့ အလှမယ် ဝင့်ပိုပိုထွန်းနဲ့ 4th Runner Up ဆုကိုတော့ အလှမယ် သဲသဲဆုငြိမ်းတို့က ရရှိသွားကြပါတယ်။ ခုပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ အလှမယ် မေယုခတ္တာကတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် Miss Myanmar International ပြိုင်ပွဲမှာတော့ အလှမယ် စဝ်ယွန်းဝတီဦးက ရရှိခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ- ဆင်ဟွာ
3 years Ago
Up