မေဂျာလိဂ်ကလပ်

February 19, 2019

မန်ယူ ကစားသမားဟောင်း နာနီကို မေဂျာလိဂ်ကလပ် အိုလန်ဒိုစီးတီး ခေါ်ယူ

ပေါ်တူဂီ တောင်ပံကစားသမား နာနီဟာ စပို့တင်းလစ္စဘွန်း အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ မေဂျာလိဂ်ကလပ် အိုလန်ဒိုစီးတီးအသင်းကို ပြောင်းရွှေ့သွားပါတယ်။ အသက် ၃၂ နှစ်အရွယ် နာနီဟာ မန်ယူ၊ ဖီနာဘာချီ၊ ဗလင်စီယာနဲ့ လာဇီယိုအသင်းတွေမှာ ကျင်လည်ခဲ့ပါတယ်။ နာနီဟာ မန်ယူ ကစားသမားဘဝတုန်းက အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူခဲ့ပါတယ်။ သူဟာ ပေါ်တူဂီလက်ရွေးစင်အသင်း အတွက်တော့ ပွဲပေါင်း ၁၁၂ ပွဲ ကစားပေးထားပြီး ယူရို ၂၀၁၆ မှာ ဖလားရတုန်းက အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။
3 years Ago

September 7, 2018

ဒေးဗစ်ဘက်ခမ်း တည်ထောင်သည့် ဘောလုံးအသင်းကို အင်တာမီယာမီဟု အမည်ပေး

အင်္ဂလန်ကပ္ပတိန်ဟောင်း ဒေးဗစ်ဘက်ခမ်း တည်ထောင်လိုက်တဲ့ မေဂျာလိဂ် ဘောလုံးအသင်း အမည်ကိုတော့ အင်တာမီယာမီလို့ နာမည်ပေးခဲ့ပါတယ်။ အသင်းလိုဂိုကိုတော့ ငဟစ်ငှက်နှစ်ကောင် ကျောချင်းကပ်ထားတဲ့ပုံကို အဝိုင်းပုံစံနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ သင်္ကေတရဲ့ အဓိပ္ပာယ်ကတော့ နိုင်ငံတကာမှာ ကွဲပြားခြားနားခြင်း၊ ခြုံငုံမိခြင်း၊ ဖန်တီးမှုရှိခြင်းနဲ့ ရည်မှန်းချက်ရှိခြင်းတို့ကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ ပြီးခဲ့တဲ့ ၄ နှစ်အကြာက ဘောလုံးအသင်းတည်ထောင်ဖို့ ထုတ်ပြန်ကြေညာခဲ့ပြီး အသင်းစတင်လည်ပတ်ခွင့်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ အင်တာမီယာမီအသင်းဟာ ၂၀၂၀ ခုနှစ်မှာ မေဂျာလိဂ်ကလပ်အဖြစ် စတင်ဝင်ရောက် ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ပရိသတ် ၂၅၀၀၀ ဆန့် မီယာမီဖရီးဒမ်းပါ့ခ်ကွင်းကို အိမ်ကွင်းအဖြစ် ကစားသွားမှာ ဖြစ်ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးလောကရဲ့ ပြယုဂ်တခုဖြစ်တဲ့အပြင် ဘောလုံးလောကက အနားယူချိန်မှာလည်း ဖက်ရှင်နဲ့ ပတ်သက်ပြီး ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချခဲ့သလို အခုအချိန်မှာလည်း ဘောလုံးအသင်းတသင်း တည်ထောင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
3 years Ago
Up