ဘေးလွတ်ရာရွှေ့

December 2, 2017

ဂျာမနီ ခရစ္စမတ်ဈေးတွင် မသင်္ကာဖွယ်အထုပ်ကြောင့် လူများကို ဘေးလွတ်ရာရွှေ့

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်နားက ပို့စ်ဒမ်မြို့မှာရှိတဲ့ ခရစ္စမတ်ဈေးနဲ့ ပတ်ဝန်းကျင် ဒေသက လူတွေကို ရဲတွေက ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပါတယ်။ သံသယဖြစ်စရာ အထုပ်တခုကို တွေ့တာကြောင့် စုံစမ်းစစ်ဆေးဖို့ ခုလိုလုပ်တာလို့ ဒေသခံရဲက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ဒီဇင်ဘာ ၁ ရက်နေ့က ပြောပါတယ်။ မသင်္ကာစရာ ပစ္စည်းကို စစ်ဆေးဖို့ အထူးရဲတပ်ဖွဲ့က တွေ့တဲ့နေရာဆီ သွားခဲ့တယ်၊ အထုပ်ဟာ အလျားအနံ ၅၀ နဲ့ ၄၀ စင်တီမီတာရှိပြီး အနားက ဈေးထဲက ဆေးဝါးဆိုင်ကို ပို့ခဲ့တာလို့ ဒေသခံ သတင်းစာမှာ ဖော်ပြပါတယ်။ ဆေးဆိုင်ဝန်ထမ်းက အထုပ်ကိုဖွင့်ချိန်မှာ သံသယဖြစ်စရာ ဝါယာတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အထုပ်ထဲမှာ တွေ့ခဲ့ပါတယ်။ အဲဒီနောက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲမှာ ရဲတွေက တပ်လှန့်ခဲ့တယ်လို့ သတင်းစာက အစီရင်ခံပါတယ်။ လွန်ခဲ့တဲ့ ၁ နှစ်နီးပါးက တူနီးရှား အစ္စလာမ္မစ် တယောက်က ကုန်ကားကို အပိုင်စီးပြီး ကားမောင်းသူကို သတ်ဖြတ်ခဲ့တာပါ။ အဲဒီနောက် ဘာလင်မြို့က ခရစ္စမတ် ဈေးကိုကားနဲ့ ဝင်ကျုံး တိုက်ပစ်ခဲ့လို့ လူ ၁၁ ယောက်ျား သေဆုံးခဲ့ပါတယ်။ အဲဒီနောက် အလားတူ တိုက်ခိုက်မှု ဖြစ်နိုင်ချေတွေအတွက် တပ်လှန့်ထားခဲ့ပါတယ်။
3 years Ago
Up