ဗြိတိန်နိုင်ငံ အင်္ဂလန်နယ်တလွှားမှာ အထပ်မြင့် အဆောက်အဦ ခန့်မှန်းခြေ အလုံး ၆၀၀ လောက်မှာ ဘေးကင်းရေးအတွက် အစိုးရက အရေးပေါ် စစ်ဆေးနေပါတယ်။
အရင်အပတ်က လန်ဒန် ဂရင်းဖဲလ်တာဝါ မီးလောင်မှုမှာ လူအနည်းဆုံး ၇၉ ယောက် သေဆုံးခဲ့ပြီးပြီလို့ အရာရှိတွေက မနေ့က ပြောပါတယ်။
လန်ဒန်မြောက်ပိုင်းက အဆောက်အဦတခုရဲ့ အပေါ်က အဖုံးအကာတွေကိုလည်း အလုပ်သမားတွေက ခွာချခဲ့ကြပါတယ်။
ဒီအဖုံးအကာတွေဟာ မီးဘေးသင့် ဂရင်းဖဲလ်တာဝါမှာ သုံးထားတဲ့ ပစ္စည်းတွေနဲ့ အလားတူပဲလို့ ဆိုပါတယ်။
၂၄ထပ် မြင့်တဲ့ ဂရင်းဖဲလ်တာဝါမှာ ဒီပစ္စည်းတွေ သုံးထားလို့ မီးကူးစက်လောင်ကျွမ်းမှု လျင်မြန်ခဲ့ပြီး အထဲမှာ လူတွေ ပိတ်မိနေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဖုံးအကာတွေကို အဆောက်အဦတွေရဲ့ အပြင်ဘက်မှာ လျှပ်ကာပစ္စည်းအနေနဲ့သုံးပြီး သက်တမ်းရင့် အထပ်မြင့် အဆောက်ဦတွေရဲ့ အပြင်ပိုင်း အသွင်အပြင် လှပအောင် သုံးစွဲလေ့ ရှိပါတယ်။
6 years Ago