ဘော်ဘီဝိုင်း

August 23, 2018

အတိုက်အခံ ပေါ့ပ်အဆိုတော် ပြန်လွှတ်ရေး နာမည်ကျော် ဂီတပညာရှင်များ တောင်းဆို

ယူဂန္ဓာအစိုးရက ဖမ်းဆီးထားတဲ့ နာမည်ကြီး ပေါ့ပ်အဆိုတော်လည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်တဲ့ ဘော်ဘီဝိုင်းကို ပြန်လွှတ်ပေးဖို့ နိုင်ဂျီးရီးယား ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် အပါအဝင် အနုပညာရှင် ၈၀ ကျော်က လက်မှတ်ထိုး တောင်းဆို လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ယူဂန္ဓာနိုင်ငံက အတိုက်အခံ နိုင်ငံရေးသမားဖြစ်တဲ့ ဘော်ဘီဝိုင်းကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးထားတာ သီတင်းတပတ်ကျော် ရှိသွားပြီဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးထားရာမှာ ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေက ပြောကြားထားပေမယ့် စစ်တပ်ကတော့ ငြင်းဆိုခဲ့ပါတယ်။ ဘော်လီဝိုင်းဟာ သြဂုတ် ၂၃ ရက်နေ့မှာ တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ ပတ်သက်ပြီး စစ်ဘက်တရားရုံးမှာ အမှုရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ သူဟာ နိုင်ငံအနောက်မြောက်ပိုင်း အာယူအာမြို့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လက်ရှိသမ္မတနဲ့အပြိုင် မဲဆွယ်ရင်း ပြီးခဲ့တဲ့သီတင်းပတ်က အဖမ်းခံခဲ့ရတာပါ။ သူဟာ ယူဂန္ဓာသမ္မတ ယိုဝီရီ မူဆီဗန်နီရဲ့ မော်တော်ယာဉ်တန်းကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့တယ်လို့ ယူဂန္ဓာအစိုးရ တာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။ သူနဲ့အတူ လူ ၃၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up