ဘော်စနီးယား

September 6, 2018

ဘော်စနီးယား စစ်မှုထမ်းဟောင်းများဆန္ဒပြပွဲ ရဲနှင့်ရုန်းရင်းဆန်ခတ်ဖြစ်

ရာနဲ့ချီတဲ့ ဘော်စနီးယား စစ်မှုထမ်းဟောင်းတွေရဲ့ ဆာရာယေဗိုမြို့က ဆန္ဒပြမှုအတွင်း ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းတွေဟာ ၁၉၉၂-၉၅ ဘော်စနီးယား စစ်မှုထမ်းတွေအတွက် ရန်ပုံငွေတွေ မရှိတာကို စက်တင်ဘာ ၅ ရက်မှာ ဆန္ဒပြခဲ့ကြတာပါ။ ဒိုင်းတွေ၊ ဦးထုပ်တွေနဲ့ ရဲတွေဟာ ဆန္ဒပြ စစ်မှုထမ်းဟောင်းတွေကို ငရုပ်ကောင်းဖြန်းဆေးတွေသုံးပြီး လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူတချို့ ဖြန်းဆေးဒဏ်ခံ ခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ရဲတွေဘက်ကတော့ ဆန္ဒပြသူတွေထဲက တစ်ချို့ဟာ သတ္ထုချောင်းတွေ ကိုင်ထားတာကြောင့် အင်အားသုံးခဲ့ရတယ်လို့ပြောပါတယ်။ ရဲ ၄ ဦး ဒဏ်ရာရခဲ့ပြီး ဆန္ဒပြသူ ၂ ဦးကို ထိန်းသိမ်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ စစ်မှုထမ်း ဟောင်းတွေဘက်ကတော့ ဆန္ဒပြသူ ၃၀ နီးပါး ဒဏ်ရာရခဲ့ပြီး တချို့က ဒဏ်ရာပြင်းထန်တယ်လို့ပြောပါတယ်။ စစ်မှုထမ်းဟောင်းတွေကတော့ သူတို့အတွက်ထောက်ပံ့တဲ့ ငွေကြေးတွေဟာ တိုက်ပွဲမှာ မပါခဲ့သူတွေရဲ့ လက်ထဲမှာတင် ပျောက်ဆုံးသွားတယ်လို့ ပြောဆိုနေကြပါတယ်။ ဒါ့ပြင် ဥပဒေကြောင်းအရ ပိုတင်းကြပ်ဖို့၊  စစ်မှုထမ်းဟောင်းဖြစ်ကြောင်း မှတ်ပုံတင်ခိုင်းဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။
3 years Ago
Up