ဘော်စတွန်မာရသွန်

A d v e r t i s e m e n t With Us

October 20, 2015

ဘော်စတွန်မာရသွန် ဗုံးကွဲသေဆုံးသူများအတွက် ငြိမ်းချမ်းရေးဥယျာဉ် တည်ဆောက်

ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုအတွင်း သေဆုံး ဒဏ်ရာရသူတွေကို အောက်မေ့ခြင်း အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေး ဥယျာဉ်တခုကို မန်ဆာချူးဆက်ပြည်နယ်ထဲက မတ်ဖို့ဒ်မြို့မှာ တည်ဆောက်နေပါတယ်။ သေဆုံးသူ ၄ ဦးရဲ့ နာမည်တွေကို ရေးထိုးထားတဲ့ ကမ္ပည်း လေးခုကို ဥယျာဉ်သစ်မှာ ထားရှိမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဥယျာဉ်ရဲ့ အလယ်ဗဟိုမှာ ရေပန်း ၅ ခုကို တည်ဆောက်ထားမှာဖြစ်ပြီး ၄ ခုကတော့ သေဆုံးသွားသူ ၄ ဦးကို ကိုယ်စားပြုမှာဖြစ်ပြီး ၅ ခုမြောက်ကတော့ ဒဏ်ရာရသူတွေအတွက် ရည်ရွယ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁ ဒသမ၂ သန်း မှန်းထားပြီး ၂၀၁၆ ခုနှစ်မှာ ဖွင့်လှစ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က ဘော်စတွန် မာရသွန်ကို တိုက်ခိုက်မှုမှာ အသက် ၈ နှစ်အရွယ် မာတင်ရစ်ချတ်၊ ၂၃ နှစ်အရွယ် တရုတ်ကျောင်းသား လင်ဇီလူ၊ ၂၉ နှစ်အရွယ် စားသောက်ဆိုင်မန်နေဂျာ ခရိုင်စတယ် ကမ်းဘယ်တို့ သေဆုံးခဲ့ပြီး တရားခံတွေကို လိုက်ဖမ်းစဉ် ၂၉ နှစ်အရွယ် ရဲအရာရှိ ဆန်းကော်လီယာလည်း နောက်သုံးရက်အကြာမှာ သေနတ်ထိမှန် သေဆုံးခဲ့သလို လူပေါင်း ၂၆၄ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။
5 years Ago
Up