ဘော့ဘ်ဒိုင်လန်

October 23, 2016

ဘော့ဘ်ဒိုင်လန် နိုဘယ်လ်ဆုယူရန် နှုတ်ဆိတ်နေမှုကို ဆုပေးကော်မတီ ဝေဖန်

အဆိုတော်ကြီး ဘော့ဘ်ဒိုင်လန်အနေနဲ့ စာပေနိုဘယ်လ်ဆုကို အသိအမှတ်မပြုတာက မယဉ်ကျေးကြောင်းနဲ့ စိတ်ကြီးဝင်နေတာဖြစ်ကြောင်း နိုဘယ်လ်ဆုပေးပွဲ ကော်မတီရဲ့ အဖွဲ့ဝင်တဦးက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က အသက် ၇၅ နှစ်အရွယ် အဆိုတော် ဘော့ဘ်ဒိုင်လန်ကို နိုဘယ်လ်ဆုရှင်တစ်ဦးအနေနဲ့ ကြောညာခဲ့ပြီးနောက် ဆွီဒင်အကယ်ဒမီက ဘော့ဘ်ဒိုင်လန်ကို အမျိုးမျိုးဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရဘဲ သူကိုယ်တိုင်ကလည်း လူထုကြားထဲမှာ နိုဘယ်လ်ဆုရရှိအောင်မြင်မှုကို အသိအမှတ်မပြုတဲ့အပေါ် အခုလို ပြောကြားလိုက်တာပါ။ ဆွီဒင်အကယ်ဒမီရဲ့အဖွဲ့ဝင် ပါဝက်စ်ဘာ့ဂ်က ဘော့ဘ်ဒိုင်လန်အနေနဲ့ နိုဘယ်လ်ဆုရရှိခဲ့တဲ့အပေါ် လျစ်လျုရှုထားတာကို အံ့သြမိတယ်လို့ ဆွီဒင်တယ်လီဗေးရှင်းကို ထပ်ဖြည့်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က ဘော့ဘ်ဒိုင်လန်ဟာ သူရဲ့အင်တာနက်စာမျက်နှာမှာ နိုဘယ်လ်ဆုအကြောင်း ရည်ညွှန်းချက်ကို ဖျက်ထားတယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့ စတော့က်ဟုမ်းမှာ ကျင်းပမယ့် နိုဘယ်လ်ဆုပေးပွဲကို သူအနေနဲ့ တက်ရောက်မယ် မတက်ရောက်ဘူးဆိုတာလည်း မသိရသေးပါဘူး။ ၁၉၆၄ ခုနှစ်ကလည်း ပြင်သစ်စာရေးဆရာနဲ့ အတွေးအခေါ်ပညာရှင် တဦးဖြစ်တဲ့ ယန်းပေါဆာ့တ်လည်း နိုဘယ်လ်ဆုကို ငြင်းဆန်ခဲ့ဘူးတယ်လို့ သိရပါတယ်။
5 years Ago
Up