၂၀၁၆ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို အဆိုတော်နဲ့ သီချင်းရေးဆရာ ဘော့ဘ် ဒီလန်က ဆွတ်ခူးရရှိသွားပါတယ်။
သူဟာ ၁၉၆၀ ပြည့်လွန်နှစ်တွေတည်းက သူ့သီချင်းတွေအတွက် အကြီးမြတ်ဆုံး သက်ရှိကဗျာဆရာအဖြစ် သတ်မှတ်ခံထားရသူပါ။
အမေရိကန်သီချင်းတွေရဲ့ ကြီးမြတ်တဲ့ အစဉ်အလာအတွင်း ကဗျာရသပေါ်လွင်အောင် ဖန်တီးခဲ့တဲ့အတွက် ဆုရတာလို့ ဆုရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်ပါတယ်။
ဒီဆုကို ဝင်စတန် ချာချီ၊ သောမတ်စ်မန်းနဲ့ ရုဒ်ယာ့ဒ် ကစ်ပလင်တို့ ရခဲ့ဖူးပါတယ်။
ဒီလန်ရဲ့ ခေတ်ပြိုင်ဂီတအပေါ် သြဇာလွှမ်းမှုက ကြီးကျယ် လေးနက်တယ်လို့ ဆွီဒင်အကယ်ဒမီက ပြောပါတယ်။
သူဟာ ဆုကြေးအဖြစ် ဆွီဒင်ခရောင်းငွေ ၈ သန်းနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၉ သိန်း ၂ သောင်း ၈ ထောင် ရရှိမှာပါ။
ဒီလန်ရဲ့ သီချင်းတွေဖြစ်တဲ့ "Blowin' in the Wind", "The Times They Are a-Changin'", "Subterranean Homesick Blues" နဲ့ "Like a Rolling Stone" သီချင်းတွေဟာ လွတ်လပ်ပြီး သဘောထားကွဲလွဲ ပုန်ကန်တဲ့ မျိုးဆက်သစ်တွေရဲ့စိတ်ကို ဖမ်းစားနိုင်ခဲ့ပါတယ်။
6 years Ago