နိုဝင်ဘာ ၁၆ ရက်က ကစားသွားတဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ အိုင်ယာလန် သမ္မတနိုင်ငံ အသင်းက ဘော့စနီးယား ဟာဇီဂိုးဗီးနားကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ကစားပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။
အိုင်ယာလန် ဒဗ္ဗလင်မှာ ကစားတဲ့ဒီပွဲမှာတော့ ပထမပိုင်း ၂၄ မိနစ်မှာ ဂျွန်ဝေါလ်တာက လက်ထိဘောကနေ ရတဲ့ ပင်နယ်တီကနေ တဆင့် အဖွင့်ဂိုးသွင်းယူပါတယ်။
ဒီအတွက် ပထမပိုင်းမှာ အိုင်ယာလန်က ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒီပွဲမှာတော့ ဘော့စနီးယားတို့ ဘောလုံးပိုင်ဆိုင်မှု ၆၉ ရာခိုင်နှုန်းအထိရှိခဲ့ပေမယ့်လည်း ဂိုးရအောင် ဖန်တီးနိုင်ခြင်း မရှိတဲ့ အတွက် ရှုံးနိမ့်သွားတာဖြစ်ပါတယ်။
ဒုတိယပိုင်း မိနစ် ၇၀ မှာလည်း ဂျွန်ဝေါလ်တာက ဒုတိယဂိုးသွင်းယူသွားတဲ့ အတွက် ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွား ပါတယ်။
ဒီအတွက် ၂ ပွဲပေါင်းရလာဒ် ၃ ဂိုး ၁ဂိုးနဲ့ အိုင်ယာလန်က ခြေစစ်ပွဲအောင်မြင်သွားပါတယ်။
ဘော့စနီးယားကို အနိုင်ရတဲ့ အတွက် အိုင်ယာလန်သမ္မတနိုင်ငံက မြောက်အိုင်ယာလန်၊ အင်္ဂလန်၊ ဝေလ်းတို့နဲ့ အတူ ပြင်သစ်မှာကစားမယ့် ယူရို ၂၀၁၆ ကို ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။
5 years Ago