ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု အိတ်ခ်ျက ဂရိနဲ့ ဘော့စနီးယား ဟာဇီဂိုးဗီးနားတို့ရဲ့ပွဲစဉ်မှာ ဘော့စနီးယား အသင်းခေါင်းဆောင် ဒီဇက်ကိုက ပြိုင်ဘက် ဂရိကစားသမားရဲ့ဘောင်းဘီကို ဆွဲချွတ်ခဲ့လို့ အနီကတ်ပြ အထုတ်ခံခဲ့ရပါတယ်။
နိုဝင်ဘာ ၁၄ ရက်က ဂရိမှာကန်တဲ့ အဲဒီပွဲစဉ်ဟာ တဘက် ၁ ဂိုးစီနဲ့ သရေကျသွားခဲ့တာပါ။
ဒီဇက်ကိုဟာ ပွဲချိန် ၁၂ မိနစ်မှာလည်း ပထမအ၀ါကတ် အပြခံထားရတာပါ။
ပွဲချိန် ၇၈ မိနစ်မှာ ဘော့စနီးယားအသင်းခေါင်းဆောင် ဒီဇက်ကို ဘောလုံးဆွဲယူလာတာကို ဂရိကစားသမားတဦး ဖျက်ထုတ်ဖို့ ကြိုးစားရာက ဒီဇက်ကို လဲကျသွားခဲ့ပါတယ်။
လဲကျနေတဲ့ ဒီဇက်ကိုက ဘောလုံးကို ပိုက်မိလျက်သားဖြစ်နေတဲ့အတွက် အဲဒီဘောလုံးကို လာဆွဲယူတဲ့ ဂရိကစားသမားရဲ့ဘောင်းဘီကို ဒီဇက်ကိုက ဆွဲချွတ်ခဲ့တာပါ။
ဒီ့နောက် ကွင်းလယ်ဒိုင်လူကြီးရောက်လာပြီး သူတို့နှစ်ယောက်ကို ဖျန်ဖြေကာ ဒီဇက်ကိုကို နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago