ဘောလုံးစတား ပေါ့ဘာ အစ္စလာမ်ဘာသာဝင်တို့

May 29, 2017

ဘောလုံးစတား ပေါ့ဘာ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မက္ကာသို့ လည်ပတ်

ကမ္ဘာ့ကြေးအမြင့်ဆုံး ဘောလုံးသမားလို့ ပြောရမယ့် ပြင်သစ်နိုင်ငံသား ဘောလုံးစတား ပေါလ်ပေါ့ဘာဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ မက္ကာမြို့ဆီ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်မဒန်ဥပုသ်လကာလအစမှာ သွားရောက် ဝတ်ပြုခဲ့တာဖြစ်ပြီး မေလ ၂၉ ရက်နေ့ သူ ရောက်ရှိနေစဉ် ကာလအတွင်း အမှတ်တရ ဓာတ်ပုံတပုံကို ပြန်လည်မျှဝေခဲ့တာပါ။ ပုံအပေါ်မှာတော့ “ကျနော် မြင်ဖူးသမျှထဲ အလှပဆုံး”လို့ ဖော်ပြထားခဲ့ကာ သူ့ရဲ့ တွစ်တာအင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် “ပျော်ရွှင်စရာ ရမ်မဒန်ကာလ ဖြစ်ပါစေ”လို့ ဆုတောင်းနှုတ်ဆက်စကား ပါးခဲ့တာပါ။ အသက် ၂၄ နှစ်အရွယ် ဘောလုံးစတားဟာ ဂျူဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းနဲ့ ရောင်းချခံရပြီးနောက်မှာ ကမ္ဘာ့ကြေးအမြင့်ဆုံး ဘောလုံးသမားတဦး ဖြစ်လာခဲ့ပါတယ်။ မက္ကာမြို့ဟာ ဖန်ဆင်းရှင် မိုဟာမက်ရဲ့ မွေးဖွားရာဒေသအဖြစ် အထွတ်အမြတ်ထားတဲ့ နေရာတခုဖြစ်ကာ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သူတို့ဘဝတသက်တာမှာ ၁ ကြိမ်တော့ ရောက်အောင် သွားရမယ်လို့ ယုံကြည်ထားကြတဲ့ နေရာတခု ဖြစ်ပါတယ်။
4 years Ago
Up