ဘောလုံးကန်

December 29, 2018

ဘောလုံးကန်ရတာ သဘောကျတဲ့ လိပ်ကလေး (ရုပ်သံ)

ဘောလုံးကန်တတ်တဲ့ လိပ်ကလေးတကောင်အကြောင်းဟာ ထိုင်းမီဒီယာတွေမှာ သတင်းကြီးနေတယ်လို့ Pattayone One သတင်းမှာဖော်ပြပါတယ်။ ဒီလိပ်လေးရဲ့ နာမည်က ဖူဖ ဖြစ်ပြီး သူဟာ အသက် ၁၀ နှစ်ရှိပါပြီ။ သူ့ကို ထိုင်းနိုင်ငံမြောက်ပိုင်း တောတွင်းတနေရာကနေ ပြီးခဲ့တဲ့ နှစ်တွေက ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။ ဖူဖရဲ့ ဘောလုံးကစားအပေါ် စိတ်ဝင်စားမှုကို ကလေးတွေ ဘောလုံးကန်နေတာကနေ တဆင့် တွေ့ခဲ့ရတယ်လို့ လိပ်ကလေးရဲ့ ပိုင်ရှင်ဖြစ်သူက ပြောပါတယ်။ ဖူဖက ကလေးတွေဘောလုံးကန်ရင် သူလည်း ကွင်းထဲလိုက်ဝင်လေ့ရှိကာ ဘောလုံးကို ခေါင်းနဲ့တိုက်ပြီး ဘောလုံးနောက်ကို လျောက်လိုက်လေ့ရှိတယ်လို့ အသက် ၅၂ နှစ်အရွယ် ဆွန်ပွန်ဒါဝန်က ပြောပါတယ်။ ဖူဖဟာ နေ့စဉ်ဘောလုံးကစားလေ့ရှိပြီး ဘောလုံးမကစားရတဲ့နေ့ဆို သူ့ပုံစံက ပျော်ရွှင်နေပုံမရဘူးလို့လည်း သခင်ဖြစ်သူက ပြောပါတယ်။ ဖူဖဟာ ဘောလုံးကို ခေါင်းနဲ့တိုက်တာ၊ လက်နဲ့ယက်တာတွေအပြင် သူ့အခွံနဲ့ ဆွဲပြေးတာတွေအထိပါ လုပ်ဆောင်တတ်နေပြီလို့လည်း သိရပါတယ်။ ဖူဖဟာ လိပ်အထီးလေးဖြစ်ပြီး ပိုင်ရှင်ဖြစ်သူကတော့ ကြင်ယာဖက်လိပ်အမလေးတစ်ကောင်ကို ရှာဖွေနေပါတယ်။ ဒါပေမယ့် ဖူဖက ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားဟန်မပြဘဲ ဘောလုံးကစားဖို့ကိုသာ စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်။
3 years Ago

July 1, 2018

ကမ္ဘာ့ဖလားကျင်းပနေသည့် ရုရှားတွင် သတို့သမီးဝတ်စုံဖြင့် အမျိုးသမီးများ ဘောလုံးကန် (ရုပ်သံ)

ရုရှားနိုင်ငံအတွင်း ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ လက်ခံကျင်းပရာ မြို့တမြို့ဖြစ်တဲ့  ကာဇန်မြို့မှာ ဇွန်လ ၃ဝ ရက်နေ့က သတို့သမီးဝတ်စုံတွေ ဆင်မြန်းထားတဲ့ အမျိုးသမီးတွေ ဘောလုံးကန်နေကြတာကို မြင်တွေ့ရပါတယ်။ အဖြူရောင် သတို့သမီးဝတ်စုံဝတ် အမျိုးသမီးတွေဟာ ၅ ယောက် ၁ သင်းခွဲပြီး  ကစားချိန် ၁၅ မိနစ်စီနဲ့ ဘောလုံးကန်ခဲ့ကြပါတယ်။ အဲဒီဘောလုံးပွဲကို လာရောက်အားပေးသူတွေရှိခဲ့ပြီး ပြိုင်ပွဲအပြီးမှာတော့ အနိုင်ရတဲ့ အသင်းကို ပန်းတွေနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာ့ဖလားပုံစံတူဆု ချီးမြှင့်ခဲ့ပါတယ်။ ဒီလို သတို့သမီးဝတ်စုံဝတ်ပြီး ဘောလုံးကစားတာဟာ  ကမ္ဘာ့ဖလားဘောလုံးပွဲကို ချစ်မြတ်နိုးကြောင်း ပြသတာလို့ ပြိုင်ပွဲဝင် အမျိုးသမီးတွေက ပြောကြားခဲ့ပါတယ်။
3 years Ago
Up