ဘောလုံးအဖွဲ့ချုပ်

June 12, 2019

ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်လုပ်နိုင်ရေး အစိုးရအဖွဲ့အစည်းများ၏ အကူအညီ လိုအပ်

၂၀၂၁ ခုနှစ်မှာ ကျင်းပမယ့် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရေး ဇွန်လ ၅ ရက်က ကျင်းပခဲ့တဲ့ ဖီဖာကွန်ဂရက်မှာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးတွဲလျှောက်ထားခဲ့ပါတယ်။ ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်အတွက် မြန်မာနဲ့ထိုင်း ပူးတွဲလျှောက်ထားမှုအပြင် ဘာရိန်း၊ ဆော်ဒီနဲ့ ယူအေအီး သုံးနိုင်ငံကလည်း ပူးတွဲကျင်းပဖို့ လျှောက်ထားခဲ့သလို အင်ဒိုနီးရှား၊ ပီရူးနဲ့ ဘရာဇီးနိုင်ငံတွေကလည်း အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး လျှောက်ထားခဲ့ပါတယ်။ ၂၀၂၁ ယူ ၂၀ ကမ္ဘာ့ဖလားအတွက် အိမ်ရှင်လျှောက်ထားတာကို လာမယ့် သြဂုတ် ၃၀ ရက်အထိ နောက်ဆုံး သတ်မှတ်ထားပါတယ်။ အဲဒီနောက်မှာတော့ အိမ်ရှင်အဖြစ် ကျင်းပလိုတဲ့ နိုင်ငံတွေက ပြိုင်ပွဲအတွက် ပြင်ဆင်ထားတဲ့ အခြေအနေတွေကို တင်ပြပြီး ဖီဖာ အမှုဆောင်ကော်တီက စစ်ဆေးကာ ကျင်းပခွင့်အတွက် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပချင်တာက ခြေစစ်ပွဲ တိုက်ရိုက်အောင်ဖို့ထက် မြန်မာနိုင်ငံကို ကမ္ဘာက ပိုမိုသိရှိစေချင်တာကြောင့် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ဆိုပါတယ်။ “ကမ္ဘာ့ဖလားအိမ်ရှင် လုပ်ချင်တယ်ဆိုတာက ကျေန်ာတို့နိုင်ငံကို နိုင်ငံတကာမှာ ဂုဏ်သိက္ခာတခု ရှိစေချင်တာပါ။ ပြချင်တယ်။ နိုင်တာရှုံးတာထက် ပိုပြီးအရေးကြီးတာကတော့ မြန်မာနိုင်ငံကို ပြချင်တယ်။ မြန်မာဆိုရင် မသိတဲ့နိုင်ငံတွေက အများကြီးပဲလေ။ ဘောလုံးနဲ့ ကျနော်တို့နိုင်ငံကို လူတွေပိုသိလာမယ်။ လူတွေ ပိုစိတ်ဝင်စားလာမယ်။ နိုင်ငံတကာမှာတော့ ကိုယ့်နိုင်ငံရဲ့ပုံရိပ် တက်ဖို့အတွက် အစိုးရအဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ဆန္ဒကို ကိုယ့်နိုင်ငံအတွက် အရမ်းကို အာရုံစိုက်ပြီး လုပ်ချင်ကြတယ်။ ကူလည်းကူညီတယ်။ ပံ့ပိုးမှုတွေလည်း လုပ်တယ်။ ရင်နှီးမြှုပ်နှံမှုတွေလည်း အများကြီးလုပ်တယ်။ "အခု ကာတာဆိုရင် အစိုးရကဦးဆောင်ပြီး ဘီလီယံပေါင်း မြောက်မြားစွာ ရင်းနှီးတာပေါ့နော်။ ကျနော်တို့ အဲဒီလောက်အထိ လုပ်ပေးဖို့မလိုပါဘူး။ ကျေန်ာတို့ မြက်ခင်းလေးပြုပြင်ပေး၊ ကွင်းလေး သပ်သပ်ရပ်ရပ်လေး လုပ်ပေးရင် အစိုးရ အဲဒီလောက်ကူညီရင်တောင် ကျနော်တို့ ယူ၂၀ ကမ္ဘာ့ဖလားကို အိမ်ရှင်ရအောင် တဖက်က ကြိုးစားပေးမယ်။ "နောက်ပြီးတော့ ထိုင်းနဲ့ မြန်မာ ချစ်ကြည်ရေးလည်း ပိုကောင်းမယ်။ ပြီးတော့ ထိုင်းနဲ့ မြန်မာလည်း သွားရေးလာရေးက တနာရီပဲ ကြာတာလေ။ ဆိုတော့ ကမ္ဘာမှာ ထိုင်းရော မြန်မာရောဆိုတာကို သိသွားနိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် ကျေနာ် ဒီအခွင့်အရေးကို ရအောင်ကြိုးစားကြည့်တာပါ။ အဓိကကတော့ ဘောလုံးကို ခြေစစ်ပွဲအောင်ဖို့ အိမ်ရှင်လုပ်တာထက် ပိုပါတယ်။” ယူ၂၀ ကမ္ဘာ့ဖလားဟာ ၂ နှစ်တကြိမ် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး မြန်မာအသင်းက နယူးဇီလန်မှာ ကျင်းပခဲ့တဲ့ ၂၀၁၅ ပြိုင်ပွဲမှာ ခြေစစ်ပွဲအောင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
2 years Ago

May 23, 2019

နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်ရန် ဖီဖာခွင့်ပြု

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်ဖို့ အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ FIFA Forward Program ပံ့ပိုးမှုနဲ့ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်ဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တင်ပြ တောင်းခံခဲ့တာလို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံ တည်ဆောက်ဖို့အတွက် FIFA Forward Program က ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးသွားမှာဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း ဖီဖာက ပုံမှန်စောင့်ကြည့် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ အဲဒီဖူဆယ်ကွင်း တည်ဆောက်ရေးအတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က တင်ဒါကြေညာခဲ့ပြီးနောက် အောင်မြင်ခဲ့တဲ့ Suntac Company အနေနဲ့ လက်ရှိအချိန်မှာ တည်ဆောက်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းအတွင်း ဖူဆယ်အားကစားရုံ ပြီးစီးမှာဖြစ်ပြီး ပရိသတ် ၂၀၀၀ အထိ အားပေးကြည့်ရှုနိုင်မှာပါ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ သုဝဏ္ဏဘောလုံးကွင်း မီးစင်မီးလုံးတွေ Flood Light အဆင့်မြှင့်တင်ဖို့ အမေရိကန်ဒေါ်လာ ၁ သိန်းခွဲနဲ့ လေ့ကျင့်ရေး ကွင်းသစ်တို့အတွက် အမေရိကန် ဒေါ်လာ ၁ သိန်း စုစုပေါင်း ဒေါ်လာနှစ်သိန်းခွဲကိုလည်း FIFA Forward Program အတိုင်း ထပ်မံတင်ပြတောင်းခံသွားမယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up