ဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ဆင်နွှဲမည်

April 7, 2018

Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲ ဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ဆင်နွှဲမည်

  ကမ္ဘာ့ဖလားပွဲမတိုင်မီ ရုရှားနိုင်ငံမှာ ကျင်းပမယ့် Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲမှာ မြန်မာ အမျိုးသားဘောလုံးအကယ်ဒမီမှ မင်းခန့်သူ ၀င်ရောက်ဆင်နွှဲမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြပါတယ်။ ဒီပြိုင်ပွဲကို ကမ္ဘာ့ဘာလုံးအဖွဲ့ချုပ် (FIFA)၊ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) တို့နဲ့ မိတ်ဖက်အဖွဲ့အစည်း ဖြစ်တဲ့ Gazprom က ဦးစီးကျင်းပတာပါ။ အဆိုပါ Football for Friendship World Championship ပြိုင်ပွဲကို အသက် ၁၂ နှစ်အရွယ် ကစားသမား ၆ ဦးစီနဲ့ ဖွဲ့စည်းထားပြီး အသင်းပေါင်း ၃၂ သင်းပါဝင်ပါတယ်။ မြန်မာကစားသမား မင်းခန့်သူမှာ Gharial အသင်းမှာ နောက်ခံကစားသမားအဖြစ် မော်ဒိုဗာ၊ ဆာမိုအာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူး နိုင်ငံတွေက ကစားသမားတွေနဲ့ အတူတကွ ပူးပေါင်း ကစားရမှာ ဖြစ်ပါတယ်။ The Football for Friendship ပြိုင်ပွဲကို ၂၀၁၇ ခုနှစ်က ၆၄ နိုင်ငံနဲ့ ကျင်းပခဲ့ပြီး အခု ၂၀၁၈ ခုနှစ်မှာ နိုင်ငံဒေသပေါင်း ၂၁၁ ခုနဲ့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဇွန် ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာပါ။ မြန်မာနိုင်ငံအနေနဲ့ အခုနှစ် ပထမဆုံးအကြိမ် ဖိတ်ကြားခံရခြင်းဖြစ်ပြီး မြန်မာဘောလုံး အကယ်ဒမီတွေထဲက ကျောင်းစာအတော်ဆုံး ကစားသမာကို စိစစ်ရွေးချယ် စေလွှတ်တာ ဖြစ်ပါတယ်။ မင်းခန့်သူဟာ အဲဒီပြိုင်ပွဲ ဆင်နွှဲပြီးတာနဲ့ ၆ ကြိမ်မြောက် နိုင်ငံတကာ ကလေးများဖိုရမ် The Sixth International Football for Friendship Children’s Forum ကို တက်ရောက်ရမှာ ဖြစ်သလို့ ရုရှားနိုင်ငံမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားကိုလည်း တက်ရောက်ခွင့်ရမယ်လို့ သိရပါတယ်။
3 years Ago
Up