ဘောလုံးအကယ်ဒမီ

December 7, 2018

လူငယ်ဘောလုံးသမား ၆၃ ဦးကို ဘောလုံးအကယ်ဒမီတွင် လေ့ကျင့်ပျိုးထောင်ပေးမည်

ပြည်နယ် တိုင်း အသီးသီးက အလားအလာရှိတဲ့ လူငယ်ဘောလုံးသမား ၆၃ ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အကယ်ဒမီတွေမှာ လေ့ကျင့် ပြုစုပျိုးထောင်ပေးမယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ မကြာခင်က ကျင်းပပြုလုပ်ခဲ့တဲ့ အသက် ၁၄ နှစ်အောက် ပြည်နယ်နဲ့တိုင်း အမျိုးသားဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့ကြတဲ့ ဘောလုံးသမားတွေကို ဘောလုံးအဖွဲ့ချုပ် နည်းစနစ်အဖွဲ့က စောင့်ကြည့်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မန္တလေး ဘောလုံးအကယ်ဒမီ၊ ပုသိမ် ဘောလုံးအကယ်ဒမီနဲ့ ရန်ကုန် ဘောလုံးအကယ်ဒမီတို့ ဖွင့်လှစ်ထားပြီး ခြေစွမ်းခြေစရှိတဲ့ လူငယ်ဘောလုံးသမားတွေကို ဂျပန်လူမျိုးနည်းပြတွေနဲ့ လေ့ကျင့်သင်ကြားပေးနေပါတယ်။
2 years Ago

March 6, 2018

နွေရာသီဘောလုံးသင်တန်းများတွင် သင်တန်းသား ၆၂၀ ကျော် လေ့ကျင့်သင်ကြား (ဓာတ်ပုံ)

ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့က ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းတွေမှာ ဖွင့်ထားတဲ့ နွေရာသီ လူငယ်အခြေခံဘောလုံးသင်တန်းတွေမှာ သင်တန်းသား ၆၂၀ ကျော် တက်ရောက်လေ့ကျင့် သင်ကြားနေကြပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နွေရာသီ လူငယ်အခြေခံဘောလုံးသင်တန်းတွေဖြစ်တဲ့ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်) မှာ သင်တန်းသား ၄၀၀ ကျော်၊ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) မှာ သင်တန်းသား ၁၅၀ ကျော်နဲ့ ပုသိမ်ဘောလုံးအကယ်ဒမီမှာ သင်တန်းသား ၇၀ ကျော် သင်ယူလေ့ကျင့်နေတယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ သင်တန်းမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အာရှဘောလုံးအဖွဲ့ချုပ် နည်းပြလိုင်စင်ရ နည်းပြဆရာတွေ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသီးသီးက နည်းပြဆရာတွေက သင်ကြားပို့ချပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့လက်ရွေးစင်ဟောင်းတွေဖြစ်ကြတဲ့ သန်းတိုးအောင်၊ ကြည်လွင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ တင်မြင့်အောင်၊ အောင်ကျော်ကျော်၊ သန်းဝေ၊ အေးဆန်း၊ ရာဇာဝင်းသိန်း စတဲ့ နာမည်ကျော် လက်ရွေးစင်ဟောင်းတွေကလည်း အချိန်ပိုင်း ကူညီပြသပေးနေပါတယ်။ လူငယ်အခြေခံဘောလုံးသင်တန်းကို မတ်လ ၅ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ တလကြာ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်  
3 years Ago
More News
Up