ဘောလုံးသမား ၀ယ်ယူရန် ပေါင် သန်း ၁၀၀ ကျော် မန်စီးတီးသုံးမည်

July 11, 2015

ဗီလာ အသင်းခေါင်းဆောင်ကို မန်စီးတီး ခေါ်ယူ

အင်္ဂလန် ပရီးမီးယားလိဂ်  အက်စ်တွန်ဗီလာ အသင်းခေါင်းဆောင် ဖာဘီယန် ဒဲလ်ဖ်က မန်စီးတီးအသင်းကို အပြီးသတ် ပြောင်းရွှေ့ဖို့ ဆေးစစ်ခံယူနေပါတယ်။ မန်စီးတီးအသင်းကနေ မီကာ ရစ်ချတ်ပြောင်းရွှေ့လာပြီးတဲ့နောက် သူရဲ့ အနာဂတ်ဟာ မသေချာတော့ဘူးလို့ ဒဲလ်ဖ်က ပြောဆိုခဲ့ဖူးပါတယ်။ ပေါ်တူဂီမှာ ရာသီကြိုလေ့ကျင့်ရေးလုပ်ဆောင်ဖို့ ဒဲလ်ဖ်က ဗီလာနဲ့ အတူ လိုက်ပါသွားခဲ့ခြင်း မရှိပါဘူး။ ဇန်န၀ါရီလ ဗီလာနဲ့ စာချုပ်သစ်လက်မှတ်ရေးထိုးရာမှာ အင်္ဂလန် လက်ရွှေးစင် ဒဲလ်ဖ်က ကလပ်အသင်းမှာ ကြာရှည်နေသွားချင်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ် လိဒ်ယူနိုက်တက် အသင်းကနေ ဗီလာကို အလယ်တန်းကစားသမား ဒဲလ်ဖ်က ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ အရင်နှစ် ဗီလာ ပရီးမီးယားလိဂ်မှာ ကျန်နေဖို့အတွက် ဒဲလ်ဖ်က ကူညီခဲ့ပြီး ၂၈ ပွဲကစား ပေးခဲ့ပါတယ်။
6 years Ago

July 4, 2015

ဘောလုံးသမား ၀ယ်ယူရန် ပေါင် သန်း ၁၀၀ ကျော် မန်စီးတီးသုံးမည်

ဥရောပဘောလုံးအဖွဲ့ချုပ်က ကစားသမား ခေါ်ယူဖို့ တားမြစ်ချက်ကို ပယ်ဖျက်ပေးပြီးတဲ့နောက် အင်္ဂလန် ပရီးမီးယားလိဂ်က မန်စီးတီးဘောလုံးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ အတွက် ကစားသမား ခေါ်ယူရာမှာ ပေါင် သန်း ၁၀၀ ကျော်အသုံးပြုမှာ ဖြစ်ပါတယ်။ [caption id="attachment_100970" align="alignleft" width="278"]ပေါလ်ပေါ့ဘာ ပေါလ်ပေါ့ဘာ[/caption] ဥရောပ ဘောလုံးအဖွဲ့ ချုပ်ရဲ့ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ချိုးဖျက်ခဲ့တဲ့အတွက် မန်စီးတီးအသင်းဟာ ပေါင် ၄၉ သန်း ပေးဆောင်ခဲ့ရသလို ချန်ပီယံလိဂ် ကစားရာမှာ ကစားသမား စာရင်းကို လျော့ချခံခဲ့ရပါတယ်။ [caption id="attachment_100969" align="alignleft" width="284"]စတာလင် စတာလင်[/caption] မန်စီးတီးအသင်းရဲ့ ပစ်မှတ်တွေထဲမှာတော့ အီတလီ ဂျူဗင်တပ် အသင်းက ပေါလ်ပေါ့ဘာ၊ ဂျာမနီ ၀ှဖ်ဘတ်က ကင်ဗင် ဒီဘောင်နီနဲ့ လီဗာပူးက စတာလင်တို့ ပါဝင်နေတယ်လို့ တယ်လီဂရပ်က ပြောပါတယ်။ ဒါ့အပြင် အက်စ်တွန်ဗီလာက အင်္ဂလန် လက်ရွေးစင် အလယ်တန်း ကစားသမား ဖေဘီယန် ဒက်ဖ်ကို ပေါင် ၈ သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
6 years Ago
Up