ဘောလုံးသမားကြီး

January 13, 2019

ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမားကြီး ယိုကိုဟားမားအသင်းနှင့် ၁ နှစ်စာချုပ် ထပ်တိုး

ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမားကြီး ကာဆူရိုရှီ မီအူရာဟာ အသက် ၅၁ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် အနားယူခြင်းမရှိသေးပဲ ယိုကိုဟားမားအသင်းနဲ့ ၁ နှစ်စာချုပ် ထပ်မံချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီဂျပန်လက်ရွေးစင်ဟောင်းဟာ ဘောလုံးကစားသမားအဖြစ် ၃၄ နှစ်ကြာ အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ဘရာဇီးလ်ကလပ် ဆန်းတိုစ့်အသင်းကနေ ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပါတယ်။ မီအူရာက သူ့အနေနဲ့ ၁ မိနစ် ၁ စက္ကန့်တောင် ဖြုန်းတီးမပစ်ချင်တာကြောင့် အားအင်အပြည့်နဲ့ လေ့ကျင့်ခန်းတွေဆင်းနေပြီလို့ ဆိုပါတယ်။ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၈၉ ပွဲ အသင်းခေါင်းဆောင် တာဝန်ယူခဲ့သလို ၁၉၉၀ ကနေ ၂၀၀၀ ပြည့်နှစ်ထိ ၁၀ နှစ်တာကစားပြီး သွင်းဂိုး ၅၅ ဂိုးထိ သွင်းယူထားတာကြောင့် ဂျပန့်လက်ရွေးစင်အသင်းရဲ့ ဒုတိယမြောက် သွင်းဂိုးအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။ မီအူရာဟာ ယိုကိုဟားမားအသင်းနဲ့ စာချုပ်သစ်ချုပ်ခဲ့တာကြောင့် ကမ္ဘာ့အသက်အကြီးဆုံး ဘောလုံးသမားဖြစ်ခဲ့တဲ့ စတန်လေမက်သရူးရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။
2 years Ago
Up