ဘောလုံးသင်ကြားပေးမည်

A d v e r t i s e m e n t With Us

November 4, 2016

မြန်မာကလေးငယ် ၃၀၀ ကို ရီးရဲလ်လူငယ်အသင်းနည်းပြများ ဘောလုံးသင်ကြားပေးမည်

မြန်မာကလေးငယ် ၃၀၀ ကို ရီးရဲလ်မက်ဒရစ် လူငယ်နည်းပြတွေက ၃ ရက်ကြာ ဘောလုံးသင်တန်းတွေ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ စပိန် လာလီဂါထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ် လူငယ်အကယ်ဒမီ နည်းပြတွေဖြစ်တဲ့ ပါဘလိုဂိုမက်ဇ်၊ ဂျာဗီးယားဂါဒါတောရက်စ်၊ တိုကယ်ကန်နိုတို့ ၃ ဦးဟာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နည်းပြဆရာ ၃၀ ဦးနဲ့အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေး သင်တန်းကျောင်းတွေက ကလေးငယ် ၃၀၀ ဦးကို ဘောလုံးနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းတွေ သင်ကြားပေးကြမှာပါ။ မြန်မာကလေးငယ် အယောက် ၃၀၀ ကို ၃ ရက်ကြာ လေ့ကျင့်သင်ကြားပေးမယ့် ရီးရဲလ်မက်ဒရစ် လူငယ်နည်းပြတွေထဲမှာ ဥရောပဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု နည်းပြလိုင်စင်ရထားတဲ့ နည်းပြတွေနဲ့ ရီးရဲလ်မက်ဒရစ် အကယ်ဒမီ ယူ-၈ နဲ့ ယူ-၁၂ ကစားသမားတွေကို လေ့ကျင့်သင်ကြားပေးတဲ့ နည်းပြတွေလည်း ပါဝင်ပါတယ်။ ဒီလို ဘောလုံးသင်တန်း လေ့ကျင့်ပေးတဲ့ အစီအစဉ်ကို YKK ကုမ္ပဏီနဲ့ ရီးရဲလ်မက်ဒရစ် ဖောင်ဒေးရှင်းတို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် လူငယ်အသင်း နည်းပြတွေဟာ နိုဝင်ဘာ ၄ ရက်ကနေ ၆ ရက်အထိ သင်တန်းတချိန်ကို ကလေးငယ် ၇၅ ယောက်နဲ့ အသက် ၁၀ နှစ်ကနေ ၁၄ နှစ်ကြားမှာရှိတဲ့ ကလေးငယ်အယောက် ၃၀၀ ကို Star City ကွင်းမှာ လေးချိန်ခွဲပြီး သင်ကြားလေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ ဒီလို ကလေးငယ်တွေ သင်ကြားပေးတာဟာ အားကစားကနေတဆင့် ကလေးငယ်တွေရဲ့ ကျန်းမာပျော်ရွှင်မှုကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တာလို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-လွှမ်းမိုးအောင်  
4 years Ago
Up