ဘောလုံးပွဲ ၁၇ ပွဲရဲ့ရလဒ်ကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တဲ့ ကင်ညာနိုင်ငံသား ၁ ဦးဟာ အမေရိကန်ဒေါ်လာ ၂ သန်း Jackpot ဆု ပေါက်ခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကင်ညာနိုင်ငံသား ဆမ်မြူရယ် အဘီရှိုင်းဟာ SportPesa လောင်းကစားဒိုင်မှာ အမေရိကန် ၂ ဒေါ်လာဖိုး မပြည့်တဲ့ မဲနှစ်ခုကို ရွေးချယ်ထိုးခဲ့ပြီး ဒီဆုကို ပေါက်ခဲ့တာလို့ သိရပါတယ်။
အခုပေါက်သွားတဲ့ဆုဟာ ကင်ညာနိုင်ငံရဲ့ လောင်းကစားသမိုင်းမှာ အများဆုံးလျော်ရတဲ့ဆု ဖြစ်တယ်လို့ SportPesa က ပြောပါတယ်။
ဆုပေါက်သွားတဲ့ အဘီရှိုင်းဟာ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီကနေ ၂၈ မိုင်လောက်ဝေးတဲ့ နေရာက တရုတ်စီးပွားရေးလုပ်ငန်းတခုမှာ အလုပ်လုပ်တယ်လို့ သိရပါတယ်။
သူက ဆုရတဲ့ပိုက်ဆံတွေကို ဘာလုပ်ရမလဲလို့ မဆုံးဖြတ်ခင် အလုပ်နားရက်ယူပြီး ခရီးထွက်ချင်တယ်လို့ ပြောပါတယ်။
အာဖရိကမှာ လောင်းကစားလုပ်ငန်းတွေ လျင်လျင်မြန်မြန်နဲ့ ကျယ်ပြန့်လာနေပြီး ကင်ညာနိုင်ငံသားတွေဟာ အာဖရိကတိုက်မှာ လောင်းကစားအလုပ်ဆုံးလို့ စစ်တမ်းကောက်ယူမှုတခုအရ သိရပါတယ်။
ကင်ညာအစိုးရက လောင်းကစားဒိုင်တွေကို ၅၀ ရာခိုင်နှုန်း အခွန်ကောက်ဖို့ မကြာသေးခင်ကမှ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
4 years Ago