ဘောလုံးပွဲက လိင်ဆက်ဆံခြင်းထက် ပိုကောင်းဟု ဗြိတိန်အမျိုးသားများ ပြော

A d v e r t i s e m e n t With Us

March 16, 2016

ဘောလုံးပွဲက လိင်ဆက်ဆံခြင်းထက် ပိုကောင်းဟု ဗြိတိန်အမျိုးသားများ ပြော

ဗြိတိန်က အမျိုးသားတွေကတော့ ဘောလုံးပွဲဟာ လိင်ဆက်ဆံတာထက် ပိုကောင်းတယ်လို့ တက္ကသိုလ် ၂ ခုက လုပ်ဆောင်တဲ့ စစ်တမ်းမှာ တွေ့ရှိပါတယ်။ အားပေးတဲ့ အသင်းနိုင်သွားတဲ့ အရသာဟာ လိင်ဆက်ဆံတာထက် ပိုစိတ်လှုပ်ရှားတယ်လို့ ဗြိတိန် အမျိုးသား ၅၆ ရာခိုင်နှုန်းက ခံယူနေတယ်လို့ ဆိုပါတယ်။ တပတ်မှာ ၃ နာရီခွဲလောက်ကို ဘောလုံးပွဲကြည့်ဖို့ ဗြိတိန်အမျိုးသားတွေက အချိန်ပေးသလို လိင်မှုကိစ္စအတွက်တော့ တပတ်ကို ၂ နာရီလောက်သာ အချိန်ပေးတယ်လို့ ကားထုတ်တဲ့ ကုမ္ပဏီ နစ်ဆန်းရဲ့ စစ်တမ်းက ရေးပါတယ်။ ဗြိတိန် အမျိုးသား ၇၀ ရာခိုင်နှုန်းလောက်က ဘောလုံးကို စိတ်လှုပ်ရှားသလို အမျိုးသမီး ၄၆ ရာခိုင်နှုန်းကလည်း ဘောလုံးအပေါ် စိတ်ဝင်စားမှု ရှိနေပါတယ်။ Sex-genericဒီစစ်တမ်းကို လုပ်ဆောင်ခဲ့အပြီးမှာတော့ နစ်ဆန်းနဲ့ လော့ဘရောဒ် တက္ကသိုလ်က ဘောလုံးဟာ အမျိုးသားတွေကို ဘာကြောင့် စိတ်လှုပ်ရှားစေသလဲဆိုတာကို သုတေသန လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
5 years Ago
Up