ဘောလုံးပွဲ

January 8, 2019

ချိုင်းထောက်ဖြင့်ဘောလုံးကန်သည့် မသန်စွမ်းမြန်မာကလေးငယ် အနိုင်ဂိုးသွင်းယူ (ရုပ်သံ)

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ဘောလုံးဗိုလ်လုပွဲမှာ မန်ယူလို့ အမည်ပေးထားတဲ့အသင်းမှာ ပါဝင်ကစားတဲ့ မသန်စွမ်း ကလေးက ပယ်နယ်တီအဆုံးအဖြတ်မှာ အနိုင်ဂိုးသွင်းယူပြီး စပါးလို့ အမည်ပေးထားတဲ့အသင်းကို အနိုင်ရသွားပါတယ်။ မြောက်ဥက္ကလာပ (က) ရပ်ကွက် နွယ်သာကီမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပွဲ ကျင်းပရာမှာ ပုံမှန်ပွဲချိန် သရေဖြစ်နေလို့ အချိန်ပိုကစားကြရာမှာ စပါးက ၄ ဂိုး ၃ ဂိုးနဲ့ အသာစီးရခဲ့ပေမယ့် ပွဲပြီးခါနီး မန်ယူက တဂိုးပြန်သွင်းနိုင်လို့ သရေပြန်ဖြစ်သွား ပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်ယူရာမှာ ၁၂ လုံးအထိ သရေဖြစ်နေခဲ့ပြီး ၁၃ လုံးမြောက်မှာတော့ ကျောနံပါတ် ၉ ဖြစ်တဲ့ မသန်စွမ်းကလေးငယ်က ချိုင်းထောက်နဲ့ ခြေထောက်အကောင်းကို တလှည့်စီ အားပြု အရှိန်ယူပြီးတော့ သူ့ရဲ့ ဘယ်ခြေထောက်နဲ့ ကန်သွင်းယူခဲ့ပါတယ်။ ဘောလုံးဟာ ညာဘက်ဂိုးတိုင် အတွင်းဘက်ကိုထိပြီး ဂိုးထဲဝင်သွားချိန်မှာ ဂိုးသမားဟာ လိုက်ဖမ်းမမိတော့ဘဲ အနိုင်ဂိုး ဖြစ်သွားခဲ့တာပါ။ ဒီကလေးငယ်ဟာ ပွဲချိန်တချိန်လုံး ကောင်းကောင်း ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ဗွီဒီယို - Today Z Media
2 years Ago

May 4, 2017

ဘောလုံးပွဲ ၁၇ ပွဲရလဒ်မှန်အောင် ခန့်မှန်းနိုင်ခဲ့သည့် ကင်ညာနိုင်ငံသား ကန်ဒေါ်လာ ၂ သန်းရရှိ

ဘောလုံးပွဲ ၁၇ ပွဲရဲ့ရလဒ်ကို မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့တဲ့ ကင်ညာနိုင်ငံသား ၁ ဦးဟာ အမေရိကန်ဒေါ်လာ ၂ သန်း Jackpot ဆု ပေါက်ခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကင်ညာနိုင်ငံသား ဆမ်မြူရယ် အဘီရှိုင်းဟာ SportPesa လောင်းကစားဒိုင်မှာ အမေရိကန် ၂ ဒေါ်လာဖိုး မပြည့်တဲ့ မဲနှစ်ခုကို ရွေးချယ်ထိုးခဲ့ပြီး ဒီဆုကို ပေါက်ခဲ့တာလို့ သိရပါတယ်။ အခုပေါက်သွားတဲ့ဆုဟာ ကင်ညာနိုင်ငံရဲ့ လောင်းကစားသမိုင်းမှာ အများဆုံးလျော်ရတဲ့ဆု ဖြစ်တယ်လို့ SportPesa က ပြောပါတယ်။ ဆုပေါက်သွားတဲ့ အဘီရှိုင်းဟာ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီကနေ ၂၈ မိုင်လောက်ဝေးတဲ့ နေရာက တရုတ်စီးပွားရေးလုပ်ငန်းတခုမှာ အလုပ်လုပ်တယ်လို့ သိရပါတယ်။ သူက ဆုရတဲ့ပိုက်ဆံတွေကို ဘာလုပ်ရမလဲလို့ မဆုံးဖြတ်ခင် အလုပ်နားရက်ယူပြီး ခရီးထွက်ချင်တယ်လို့ ပြောပါတယ်။ အာဖရိကမှာ လောင်းကစားလုပ်ငန်းတွေ လျင်လျင်မြန်မြန်နဲ့ ကျယ်ပြန့်လာနေပြီး ကင်ညာနိုင်ငံသားတွေဟာ အာဖရိကတိုက်မှာ လောင်းကစားအလုပ်ဆုံးလို့ စစ်တမ်းကောက်ယူမှုတခုအရ သိရပါတယ်။ ကင်ညာအစိုးရက လောင်းကစားဒိုင်တွေကို ၅၀ ရာခိုင်နှုန်း အခွန်ကောက်ဖို့ မကြာသေးခင်ကမှ သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
4 years Ago
Up