ဘောလုံးပုံစံသစ်

A d v e r t i s e m e n t With Us

June 18, 2019

လာမည့် ပရီးမီးယားလိဂ်ရာသီ သုံးမည့် ဘောလုံးပုံစံသစ်

 လာမယ့် ပရီးမီးယားလိဂ်ရာသီမှာ အသုံးပြုမယ့် ဘောလုံးပုံစံသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး အရင်နှစ်တွေထက် ဒီဇိုင်းဆန်းသလို လှပတဲ့ ဘောလုံးပုံစံလည်း ဖြစ်ပါတယ်။   နိုက်ကီကုမ္ပဏီရဲ့ ပြောကြားချက်အရ လာမယ့်နှစ် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ သွင်းဂိုးတွေ ပိုမြင်ရနိုင်တဲ့ နည်းပညာသစ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။   ပရီးမီးယားလိဂ်လိုဂိုနဲ့ နိုက်ကီလိုဂိုကို ပန်းရောင် အလှဆင်ရေးဆွဲထားတဲ့ ဒီဇိုင်းနဲ့ ဘောလုံးကို မာလင်ဘောလုံးလို့လည်း နာမည်ပေးထားပါတယ်။ ပရီးမီးယားလိဂ်နဲ့ စာချုပ်သက်တမ်း နှစ် ၂၀ ပြည့် အထိမ်းအမှတ်ထုတ်လုပ်ထားတဲ့ ဒီဘောလုံးမှာ ဘောလုံးသမားတွေ မြင်နိုင်မယ့် အရောင်နဲ့ လေခွင်းနိုင်မယ့် ချုပ်ရိုး ၄ ကြောင်း ဒီဇိုင်းပုံစံသစ်ကြောင့် ကစားသမားတွေအတွက် ကန်တဲ့အချိန်မှာ ပိုပြီးအကျိုးရှိစေလိမ့်မယ်လို့ နိုက်ကီတာဝန်ရှိသူတွေက ပြောပါတယ်။ အဲ့ဒီဘောလုံးအသစ်ကိုတော့ လာမယ့် ဇူလိုင် ၄ ရက်နေ့မှာ တရားဝင်စတင် အသုံးပြုမယ်လို့သိရပါတယ်။  
2 years Ago
Up