ဘောလုံးစွမ်းရည်

December 1, 2017

နေမာလက်သစ်ဟု နာမည်ကြီးနေသည့် ၆ နှစ်သားလေး၏ ဘောလုံးစွမ်းရည် (ရုပ်သံ)

နေမာလက်သစ်လို့ ခေါ်နေကြတဲ့ အသက် ၆ နှစ်အရွယ် ဘရာဇီးသားလေး အန်တိုနီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ နာမည်ကြီးလာပြီးနောက် စပိန်ထိပ်သီး အသင်းကြီးတွေက ခေါ်ယူပြီး အနာဂတ်အတွက် လေ့ကျင့်ပေးသွားဖို့ ပစ်မှတ်ထားလာကြပါတယ်။ အန်တိုနီယိုနဲ့ သူ့ရဲ့ဖခင်တို့ ဘောလုံးအပြန်အလှန် ခတ်ကစားတဲ့ ဗွီဒီယိုဖိုင်နဲ့ ဘောလုံးပြိုင်ပွဲက သူ့ရဲ့ ဘောလုံးအထိန်းအသိမ်း ဗွီဒီယိုကိုလည်း လူသန်းပေါင်းများစွာ ကြည့်ရှုခဲ့ရာကနေ နာမည်ကြီးလာတဲ့ ကလေးငယ်လည်း ဖြစ်ပါတယ်။ အန်တိုနီယိုကို ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်အသင်းကို သွားရောက်လေ့ကျင့်ဖို့ လိုလားနေကြပြီး မက်ဆီနဲ့ နေမာလို ဥရောပက ဘောလုံးအကယ်ဒမီတခုမှာ လေ့ကျင့်ရင်း အနာဂတ်မှာ တန်ဖိုးမြင့် ကစားသမားတဦး ဖြစ်လာစေဖို့ အန်တိုနီယိုရဲ့ မိသားစုတွေက မျှော်လင့်နေကြတာပါ။ အန်တိုနီယိုဟာ ဘောလုံးကို ညက်ညောအောင် ကစားတတ်ပြီး ဘောလုံးအထိန်းအသိမ်းအပြင် ဘရာဇီးသားတွေ ကျွမ်းကျင်တဲ့ ဘောလုံးအလှအပ ကစားပြတာတွေကိုလည်း အတော်များများ သင်ကြားတတ်မြောက်ထားတဲ့ ကလေးငယ် ဖြစ်ပါတယ်။
3 years Ago

July 12, 2016

မီနီစကပ်ကြပ်ကြပ်၊ ခွာမြင့်ဒေါက်ဖိနပ်စီးပြီး ဘောလုံးစွမ်းရည်ပြသည့် အမျိုးသမီး (ရုပ်သံ)

အသက် ၂၅ နှစ်အရွယ် ဘရာဇီးနိုင်ငံသူ ရာကဲလ်ဘဲန်နက်တီဟာ တကယ့်ကို ပင်ကိုစွမ်းရည်ပြသနိုင်တဲ့ အလွတ်တန်း ဘောလုံးသမားတဦးပါပဲ။ သူဟာ မီနီစကပ်တိုတိုကို ၀တ်ဆင်ပြီး ခွာမြင့်ဒေါက်ဖိနပ်ကိုစီးကာ ဘောလုံးကို လှည့်ပတ်ကစားပြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာ အင်တာနက်စာမျက်နှာတွေပေါ် ရေပန်းစားနေပါတယ်။ ရေကူးကန်တခုအနီးမှာ ဘောလုံးစွမ်းရည်ပြ ကစားပြခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်မ်ဂါ (Imgur) လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ၄ ရက်အတွင်း ၀င်ရောက်ကြည့်ရှုမှု အကြိမ်ရေ ၅၈၀,၇၃၂ ထိ ရှိခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ သူဟာ အဖြူနဲ့ အနက်ရောင်တွေ ပါဝင်တဲ့ ၀တ်စုံကို ၀တ်ဆင်ထားပြီး ဒူးအထက်ရောက်နေတဲ့ မီနီစကပ်တိုတိုနဲ့အတူ ခွာမြင့်ဒေါက်ဖိနပ်စီးကာ ဘောလုံးကို မြေပေါ်မကျစေဘဲ ခြေထောက်နဲ့ တို့ထိကာ ကစားပြခဲ့တာကို တွေ့ရမှာပါ။ ဘဲန်နက်တီဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်စတာဂရမ် စာမျက်နှာပေါ်မှာ ဦးစွာ မျှဝေခဲ့တာပါ။ သူဟာ ဘရာဇီး ၀ါရင့်ဘောလုံးသမားဟောင်းကြီး ရော်နယ်ဒိုလီမာကို စိန်ခေါ်ခဲ့ပြီးမှ သူ့ရဲ့ဘောလုံးစွမ်းရည်ကို ထုတ်ဖော်ပြသလိုက်တာပါ။ ဒါဟာ ဘဲန်နက်တီအတွက် ပထမဆုံး စွမ်းရည်ပြသမှုတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ သြဂုတ်လတုန်းကလည်း သူဟာ မိန်းကလေးငယ်တဦးလို ဖက်ရှင်ကျကျဝတ်ဆင်ကာ အမျိုးသားတွေပါဝင်တဲ့ ဘောလုံးကစားပွဲတခုမှာ ပါဝင်ပြီး ဂိုးသွင်းပြကွက်တွေနဲ့ ဘောလုံးစွမ်းရည် ပြသခဲ့ပါသေးတယ်။
5 years Ago
Up