လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တောင်ပိုင်းမှာ အစ္စလာမ္မစ်နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့ဝင် အသေခံဗုံးခွဲတိုက်ခိုက်ရေးသမားက ဗုံးခွဲတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ဘေရွတ် နေရာ ၂ ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီပေါက်ကွဲမှုကို စောင့်ကြည့်ရေး ကင်မရာကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ဘနွန်အစိုးရကတော့ ပေါက်ကွဲမှုကြောင့် အိုင်အက်စ်နဲ့ ဆက်စပ်ပတ်သက်တယ်လို့ သံသယရှိသူ ၂၆ ဦးကို ဖမ်းဆီးထားပါတယ်။
ဒီအထဲမှာ ဆီးရီးယားနဲ့ လက်ဘနွန်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။
7 years Ago