ဘေဆယ် ၁ - ၄ အာဆင်နယ်၊ ပီအက်စ်ဂျီ ၂ - ၂ လူဒိုဂိုရက်စ်

December 7, 2016

ဘေဆယ် ၁ - ၄ အာဆင်နယ်၊ ပီအက်စ်ဂျီ ၂ - ၂ လူဒိုဂိုရက်စ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ် အုပ်စု အေ နောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်က ဆွစ်ဇာလန်ကလပ် ဘေဆယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားပါတယ်။ အာဆင်နယ်ဟာ ဒီပွဲကို အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ခြေအသာနဲ့ ကစားသွားပြီး ပီရက်ဇ်က ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အုပ်စုတွင်းပွဲစဉ်တွေ အားလုံးအပြီးမှာတော့ အာဆင်နယ်က ၁၄ မှတ်ရပြီး အုပ်စုဗိုလ်အနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားတာပါ။ အာဆင်နယ်နဲ့ အုပ်စုတွင်းပြိုင်ဘက် ပီအက်စ်ဂျီကတော့ အိမ်ကွင်းမှာ ဘူလ်ဂေးရီယားကလပ် လူဒိုဂိုရက်စ်အသင်းနဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ပီအက်စ်ဂျီဟာ လူဒိုဂိုရက်စ်ရဲ့ ဦးဆောင်ဂိုးတွေသွင်းတာ ခံရပြီးမှ နောက်ကနေ လိုက်ကစားပြီး သရေကျခဲ့တာပါ။ ဒီပွဲသရေကျလို့ အုပ်စုဗိုလ်ဖြစ်ခွင့်နဲ့ လွဲချော်သွားပြီး အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းသွားပါတယ်။
5 years Ago
Up