ဆွစ်ဇာလန်ကလပ် ဘေဆယ်နဲ့ကစားမယ့် ချန်ပီယံလိဂ် ဒုတိယပွဲစဉ်မှာ အာဆင်နယ်အသင်းက ကွင်းလယ်မှာ အားထားရတဲ့ ဖရန်စစ် ကိုကွီလင် မပါဘဲနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမား ကိုကွီလင်ဟာ ချဲလ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာပါ။
သူ့ရဲ့ဒဏ်ရာအခြေအနေ မဆိုးတဲ့အတွက် သိပ်မကြာခင်မှာ ပြန်ကစားနိုင်မှာပါလို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။
ဘေဆယ်နဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဂျီရူးလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
အာဆင်နယ်ဟာ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ပီအက်စ်ဂျီနဲ့ သရေကျထားလို့ ၁ မှတ် ရထားပါတယ်။
ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်ဟာ ၁၃ မှတ်နဲ့ အဆင့် ၃ မှာ ရပ်တည်နေပါတယ်။
4 years Ago