ဘေဆယ်ကို ဂိုးပြတ်နိုင်သော်လည်း အသင်းကစားပုံကို မန်ယူနည်းပြ မော်ရင်ဟို ဝေဖန်

September 13, 2017

ဘေဆယ်ကို ဂိုးပြတ်နိုင်သော်လည်း အသင်းကစားပုံကို မန်ယူနည်းပြ မော်ရင်ဟို ဝေဖန်

မန်ယူအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ဘေဆယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် ကစားသမားတွေရဲ့ ကစားပုံကို နည်းပြ မော်ရင်ဟိုက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ကစားသမားတွေအနေနဲ့ ၂ ဂိုးနဲ့ ဦးဆောင်နေတဲ့အချိန်မှာ ကစားအားလျော့ချလိုက်ပြီး ဘောလုံးဂိမ်းကစားသလို အေးအေးဆေးဆေး ကစားခဲ့တဲ့အပေါ်မှာ နည်းပြမော်ရင်ဟိုက ဝေဖန်ခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှု အသာရထားပေမယ့် ဘောလုံးမှာ ဘာမဆိုဖြစ်တတ်တဲ့အတွက် ပြိုင်ဘက်အသင်းကို လေးလေးစားစားနဲ့ ကစားသင့်တယ်လို့လည်း မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဖယ်လိုင်နီ၊ လူကာကူတို့ရဲ့ ဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်ခဲ့ပြီး ပွဲချိန် ၈၄ မိနစ်မှာ လူစားဝင်ကစားသမား ရက်ရှ်ဖို့ဒ်က တတိယမြောက် ဦးဆောင်ဂိုး သွင်းခဲ့လို့ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
4 years Ago
Up