ဘေဆယ်

March 8, 2018

ဘေဆယ်ကိုရှုံးသော်လည်း မန်စီးတီး ချန်ပီယံလိဂ် ကွာတားတက် (ရုပ်သံဟိုက်လိုက်)

ဥရောပချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးနဲ့ ဆွစ်ဇာလန်ကလပ် ဘေဆယ်တို့ မနေ့က ယှဉ်ပြိုင်ရာ ဘေဆယ်က နှစ်ဂိုး တဂိုးနဲ့ အနိုင်ရသွားရပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ဆွစ်ဇာလန်ကွင်းမှာ ယှဉ်ပြိုင်ခဲ့တုန်းက မန်စီးတီးက လေးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့အတွက် အခုပွဲရှုံးပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ် ငါးဂိုး နှစ်ဂိုးနဲ့ မန်စီးတီး နောက်တဆင့် တက်ရောက်သွားတာပါ။ မန်စီးတီးဟာ အဓိကဂိုးသမား အီဒါဆန်ကို အနားပေးခဲ့သလို တိုက်စစ်မှာ ဒဏ်ရာက ပြန်ကောင်းလာတဲ့ လူငယ်တိုက်စစ်မှူး ဂျီးဆပ်ကို ဆာနေး၊ ဘာဒါဒိုဆေးလ်ဗားတို့နဲ့ ပွဲထုတ်ခဲ့ပါတယ်။ ကွင်းလယ်မှာ ဝါရင့်ကစားသမား ယာယာတိုရေး ပြန်ပါလာပြီး ဂန်ဒိုဂန်၊ စတုန်းစ်၊ ဒန်နီလို စတဲ့ ကစားသမားတွေနဲ့ အရန်ကစားသမားတွေတွဲပြီး ပွဲထုတ် ယှဉ်ပြိုင်ခဲ့တာပါ။ ပွဲအစ ၈ မိနစ်မှာပဲ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်က အနီးကပ်ပိတ်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၁၇ မိနစ်မှာ ဘေဆယ်က ချေပဂိုးတဂိုး ပြန်သွင်းနိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ တဖက်တဂိုးစီ သရေကျခဲ့ပါတယ်။ မန်စီးတီးဟာ ပထမအကျော့က ဂိုးပြတ်နိုင်ထားတဲ့အတွက် အခုပွဲကို ထိန်းကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်းအထိ ရယူနိုင်ပြီး ထိုးဖောက်ကန်သွင်းခွင့်တွေမှာတော့ နှစ်ဖက် မတိမ်းမယိမ်း ရှိခဲ့ပါတယ်။ ဘေဆယ်အတွက် အနိုင်ဂိုးကို ပွဲချိန် ၇၁ မိနစ်မှာ လန်းက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ် ဘေဆယ်ကစားသမား ဆာရေးဒိုင်းကို သတ်မှတ်ခဲ့ပါတယ်။
4 years Ago

February 14, 2018

မန်စီးတီး တိုက်စစ်အစွမ်းပြပြီး ဘေဆယ်ကို ၄ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ချန်​ပီယံလိဂ်​ ၁၆ သင်းအဆင့်​ ရှုံးထွက်​ပွဲစဉ်​​မှာ ဒီနှစ်​ ​အ​တောင့်​တင်းဆုံးလူစာရင်းနဲ့ ​ခြေစွမ်းပြ​နေတဲ့ မန်​စီးတီးအသင်းဟာ အ​ဝေးကွင်းမှာ ဆွစ်​ဇာလန်​ကလပ်​ ​ဘေဆယ်​အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်​အနိုင်​ရရှိခဲ့ပါတယ်​။ မန်​စီးတီးအသင်းဟာ အရင်​ပွဲထွက်​လူစာရင်းနဲ့ ပွဲထွက်​လာခဲ့ပြီး​ အဂွေရို၊ စတာလင်​၊ ဘရာနာဒို​ဆေးလ်​ဗား၊ ဒီဘရိုင်း၊ ဂန်​ဒိုဂန်​တို့နဲ့ အ​ကောင်းဆုံး​ခြေစွမ်းကို ဆက်​လက်​ထိန်းသိမ်းသွားခဲ့ပါတယ်​။ ဒီ​နေ့ပွဲစဉ်​မှာ​တော့ ကွင်းလယ်​ကစားသမား ဂန်​ဒိုဂန် ​ခြေစွမ်းပြကစားနိုင်​ခဲ့သလို နှစ်ဂိုးသွင်းယူခဲ့ပါတယ်​။ ကျန်​ဂိုး​တွေကို​တော့ တိုက်​စစ်​မှူး အဂွေရိုနဲ့ ဘရာနာဒိုဆေးဗားတို့က သွင်းယူ​ပေးခဲ့ပါတယ်​။ မန်​စီးတီးအသင်းဟာ အ​ဝေးကွင်းမှာ ယှဉ်​ပြိုင်​ကစားခဲ့ရ​ပေမယ့်​ ပထမပိုင်း ပွဲကစားချိန်​မှာတင်​ ၃ ဂိုးပြတ်​ရလဒ်​နဲ့ ဦး​ဆောင်​ခဲ့သလို ​​ဘောလုံးပိုင်​ဆိုင်​မှု ၆၈ ရာခိုင်​နှုန်း၊ ဂိုး​ပေါက်​ကန်​သွင်းမှု ၇ ကြိမ်​ထိ ရှိခဲ့ပါတယ်​။ အခုပွဲရလဒ်​​ကြောင့်​ ဒုတိယအ​ကျော့ အိမ်​ကွင်း အီတီဟတ်​ကွင်းကြီးမှာ​တော့ သက်​​တောင့်​သက်​သာကစားပြီး ကွာတားဖိုင်​နယ်​အဆင့်​ကို တက်​​ရောက်​သွားဖို့ အ​ခြေအ​နေ ကောင်းသွားခဲ့တာပဲဖြစ်​ပါတယ်​။
4 years Ago
Up