ဗောက်စ်ဝက်ဂွန် (Volkswagen) ကုမ္ပဏီက ဒီဇယ်အင်ဂျင်လိမ်လည်မှု ထိခဲ့တဲ့ကားတွေကို လာမယ့် ဇန်န၀ါရီလကစပြီး ပြန်သိမ်းနိုင်ဖို့ မျှော်လင့်တယ်လို့ ဗောက်စ်ဝက်ဂွန် စီအီးအိုသစ်က ကြေညာပါတယ်။
လာမယ့် ၂၀၁၆ ခုနှစ်မှာ ထိခိုက်ခဲ့တဲ့ကားတွေ အားလုံး ပြင်ဆင်မှုပြီးစီးမယ်လို့ စီအီးအိုသစ် Matthias Mueller က ဂျာမန်သတင်းစာတစောင်ကို ပြောဆိုတာပါ။
ဗောက်စ်ဝက်ဂွန် ဒီဇယ်အင်ဂျင်ကားတွေက ထုတ်လွှတ်တဲ့ ကားမီးခိုးမှာ ကာဗွန်ပါဝင်နှုန်း အမှန်မပြအောင် ကြားခံကိရိယာတခု တပ်ဆင်မှုမှာ ကုမ္ပဏီဝန်ထမ်း အနည်းငယ်ပဲ ပါဝင် ပတ်သက်တယ်လို့ ပြောဆိုပါတယ်။
ဗောက်စ်ဝက်ဂွန်ကားကုမ္ပဏီဟာ ဥရောပရဲ့ အကြီးဆုံး ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး လိမ်လည်မှုထိတဲ့ကား အစီးရေ ၁၁ သန်းလောက်ရှိမယ်လို့ ပြောဆိုထားပါတယ်။
အဲဒီလိမ်လည်မှုကြောင့် ဗောက်စ်ဝက်ဂွန် ကုမ္ပဏီိကို အနည်းနဲ့အများ ထိခိုက်မှာ ဖြစ်တယ်၊ လောလောဆယ် လုံးဝအရေးမကြီးတဲ့ စီမံကိန်းတွေ ရပ်သင့်တာ ရပ်ဆိုင်းပြီး နောက်ဆုတ်သင့်တာ နောက်ဆုတ်ထားမယ်လို့ စီအီးအို Matthias Mueller က ပြောဆိုပါတယ်။
ဒီပြဿနာကို ဖြေရှင်းနိုင်လောက်တဲ့ အခြေအနေအတွင်းမှာပဲ ရှိပြီး ၀န်ထမ်းတွေရဲ့ အလုပ်အကိုင် မထိခိုက်ရေးကို အတတ်နိုင်ဆုံး ကြိုးစားမယ်လို့ စီအီးအိုက ပြောဆိုပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က ကုမ္ပဏီ ဘုတ်အစည်းအဝေးကို ပထမဆုံး ကျင်းပခဲ့ပြီး အရင် ဘဏ္ဍာရေးအရာရှိချုပ်ကို ဗောက်စ်ဝက်ဂွန် ကုမ္ပဏီ ဥက္ကဋ္ဌသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
5 years Ago