ဖေ့စ်ဘွတ်ခ် စတော့ဈေးကွက်ပေါက်ဈေး ၄၄ ရာခိုင်နှုန်းထိ မြင့်တက်

July 28, 2017

ဖေ့စ်ဘွတ်ခ် စတော့ဈေးကွက်ပေါက်ဈေး ၄၄ ရာခိုင်နှုန်းထိ မြင့်တက်

လူသုံးများတဲ့ လူမှုကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ် (Facebook) ရဲ့ စတော့ဈေးကွက် ပေါက်ဈေးဟာ အခုနှစ်အတွင်း ၄၄ ရာခိုင်နှုန်းထိ မြင့်တက်လာပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ မိုဘိုင်းလ်ဖုန်း အပလီကေးရှင်းကလုပ်တဲ့ ကြော်ငြာလုပ်ငန်းဟာလည်း အခုနှစ် ဒုတိယ ၃ လပတ်အတွင်း ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဇူလိုင် ၂၆ ရက်က ထုတ်ပြန်တဲ့ ကုမ္ပဏီဝင်ငွေစာရင်းမှာ ဖြော်ပထားပါတယ်။ ဖေ့စ်ဘွတ်ခ်ရဲ့ ရှယ်ယာဈေးနှုန်းဟာ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရှယ်ယာတခုကို အမေရိကန်ဒေါ်လာ ၁၇၃ ဒေါ်လာထိ ရှိသွားခဲ့ပါတယ်။ ပုံမှန်အသုံးပြုသူ သန်း ၂၀၀၀ ကျော်ရှိတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ News Feed မှာ ကြော်ငြာအများအပြား ရရှိခဲ့တာပါ။ ဖေ့စ်ဘွတ်ခ်ရဲ့ ဆိုရှယ်မီဒီယာအခွဲတခုဖြစ်ပြီး အသုံးပြုသူ သန်း ၇၀၀ ရှိတဲ့ အင်စတာဂရမ်မှာလည်း ကြော်ငြာတွေ တိုးလာပါတယ်။ ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မက်ဇူကာဘတ်ဟာ ကုမ္ပဏီရဲ့ နောက်ထပ် အပလီကေးရှင်းနှစ်ခုဖြစ်တဲ့ မက်ဆင်ဂျာ (Messenger) နဲ့ ဝတ်စ်အပ် (WhatsApp) ကနေ ဝင်ငွေတိုးဖို့ အာရုံစိုက် လုပ်နေတယ်လို့ ပြောထားပါတယ်။
4 years Ago
Up