ဖေ့စ်ဘွတ်ခ်ရုံးသစ်

A d v e r t i s e m e n t With Us

September 30, 2015

ဖေ့စ်ဘွတ်ခ်ရုံးသစ် မတ်ခ်ဇူကာဘတ် မိတ်ဆက် (ရုပ်သံ)

လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် အမှုဆောင်အရာရှိ မတ်ခ်ဇူကာဘတ်က မကြာသေးခင် လပိုင်းက ပြောင်းသွားတဲ့ ဖေ့စ်ဘွတ်ခ်ဌာနချုပ် အသစ်နဲ့ အသုံးပြုသူတွေကို မိတ်ဆက်ပေးလိုက်ပါတယ်။ ရုံးသစ်အကြောင်း ရိုက်ကူးထားတဲ့ ၃ မိနစ်ကြာ ရုပ်သံဖိုင်ကနေတဆင့် အခုလို မိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ရုံးသစ်က အခန်းတွေခွဲထားခြင်း မရှိသလို ဟောခန်းလို အခန်းအပွင့်မှာ တည်ဆောက်ထားတယ်လို့ မတ်ခ်က ပြောပါတယ်။ ဒီလိုအခန်းမှာ အလုပ်လုပ်ရတဲ့အတွက် ၀န်ထမ်းတွေ တဦးနဲ့တဦး နီးနီးကပ်ကပ် အလုပ်လုပ်နိုင်မှာ ဖြစ်သလို သူတို့လုပ်နေတာတွေကို တဦးနဲ့တဦး မျှဝေနိုင်ပြီး ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ မတ်ခ်က ရှင်းပြပါတယ်။ ဒါ့အပြင် မတ်ခ်က အထူးရုံးခန်းမရှိတဲ့ သူထိုင်တဲ့ခုံကိုလည်း ပြသပြီး ခုံပေါ်မှာ စာအုပ်တွေ ထားတဲ့အကြောင်းနဲ့ လက်ရှိ သူဖတ်နေတဲ့ စာအုပ်တွေကိုလည်း ပြသခဲ့ပါတယ်။ ဒါ့အပြင် ဆွေးနွေးပွဲတွေအတွက် မှန်နဲ့ကာရံထားတဲ့ ကွန်ဖရင့်ခန်းမကိုလည်း ပြသခဲ့ပါတယ်။ ဒီလိုလုပ်ထားတာဟာ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ထားတာ ဖြစ်တယ်လို့လည်း မတ်ခ်က ရှင်းပြပါတယ်။ ဒီရုပ်သံကို ဘာသာပြန်တဲ့ အချိန်ထိ လူ ၄ သိန်းကျော် ကြိုက်နှစ်သက်တဲ့ သင်္ကေတကို နှိပ်ထားခဲ့သလို လူ ၂ သိန်းကျော်လည်း ရှယ်ထားပါတယ်။
5 years Ago
Up