ဖေ့စ်ဘွတ်ခ်ပေါ် ကိုယ်လုံးတီးလိုက်ဖ်လွှင့်ခဲ့သည့် ထိုင်းမော်ဒယ်လှပျိုဖြူ ဖမ်းဆီးခံရ(ရုပ်သံ)

February 17, 2017

ဖေ့စ်ဘွတ်ခ်ပေါ် ကိုယ်လုံးတီးလိုက်ဖ်လွှင့်ခဲ့သည့် ထိုင်းမော်ဒယ်လှပျိုဖြူ ဖမ်းဆီးခံရ

ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် ကိုယ်လုံးတီး တိုက်ရိုက်လိုက်ဖ်ထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကျော်ထိုင်းမော်ဒယ် လှပျိုဖြူတဦးကို ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ပွန်ပန် မေပယ်လ် ပရွမ်ဒမ်အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အိပ်ရာပေါ်မှာ ငွေရောင်အတွင်းခံတခုတည်းသာ ၀တ်ဆင်ခဲ့ပြီး လိင်ဆွဲဆောင်မှု ဆန်ဆန်အကနဲ့ လိုက်ဖ်လွှင့်ခဲ့ချိန်မှာ ပရိသတ် ၁ သိန်းခွဲကျော် ကြည့်ရှုခဲ့ကြတာပါ။ လိုက်ဖ်လွှင့်ခဲ့ချိန်တလျှောက် အ၀တ်တွေကို ဖယ်ရှားပစ်လိုက်တာဖြစ်ပြီး  ကြည့်ရှုခဲ့ကြသူ ပရိသတ်တွေထဲမှာ ကလေးအရွယ်တွေလည်းပါဝင်တာမို့ ရဲတွေက ထိုင်းနိုင်ငံ ကွန်ပျူတာ ရာဇ၀တ်ပြစ်မှုဆိုင်ရာ အက်ဥပဒေနဲ့ အရေးယူနိုင်ဖို့ လုပ်ဆောင်ခဲ့ကြတာပါ။ ပွန်ပန်ဟာ ဖေ့စ်ဘွတ်ခ်ကို မေပယ်လ် ဖင့်ခ်ဖင့်ခ်အမည်နဲ့ အသုံးပြုခဲ့တာဖြစ်ပြီင်္း ခု ကိစ္စအတွက် ဒဏ်ကြေးငွေ ၁၁ ပေါင် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ “တခြား အင်တာနက်ပေါ်က မော်ဒယ်လ်တွေကို ခုလိုမဖြစ်စေချင်ပါဘူး။ ခုလိုလုပ် တာဟာ ထိုင်းအမျိုးသမီးတွေရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် စိတ်မကောင်းဖြစ်မိပါ တယ်။ ကျမ ခုလိုထပ်လုပ်တော့မှာ မဟုတ်ပါဘူး။ ပရိတ်သတ်တွေအနေနဲက ကျမကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” သူဟာ အချိန်မိနစ် ၃၀ စာ လိင်ဆွဲဆောင်မှုဆန်ဆန်ရှိုးတခုကို ပြသပြီး  လောင်း ကစားလုပ်ငန်းတခုရဲ့ စာမျက်နှာကို ဈေးကွက်မြှင့်တင်နိုင်ဖို့ ပေါင်ငွေ ၇၀ နဲ့ လက်ခံခဲ့တာလို့ ပြောပါတယ်။ ရာဇ၀တ်ပြစ်မှုဆိုင်ရာ ရဲဌာနတာဝန်ရှိသူ ဆန်တပက်တ် နွန်ထောင်းက “ကျနော်တို့ သူ့ကို ဒဏ်ရိုက်ခဲ့ပါတယ်။ သူလုပ်ခဲ့တာတွေကို ၀န်ခံပြီး ဒဏ်ကြေးဆောင်ခဲ့ပါတယ်” လို့ ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ လိုက်ဖ်လွှင့်ပြီး ခုလိုသရုပ်ပြမှုတွေဟာ ထိုင်းအပျော်တမ်း မော်ဒယ်တွေကြားမှာ ရေပန်းစားလာနေခဲ့တာဖြစ်ပြီး တချို့မော်ဒယ်မိန်းကလေးတွေအနေနဲ့ တရက်ကို ၂ နာရီလောက်အလုပ်လုပ်ရုံနဲ့ တလကို ပေါင် ၅ ထောင်ထိ ၀င်ငွေရရှိနေ တယ်လို့ ဆိုပါတယ်။    
4 years Ago
Up