ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် တရားမဝင် သေနတ်ရောင်းချသူကို ရဲတပ်ဖွဲ့ စီးနင်းဖမ်းဆီး

August 4, 2017

ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် တရားမဝင် သေနတ်ရောင်းချသူကို ရဲတပ်ဖွဲ့ စီးနင်းဖမ်းဆီး

ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် တရားမဝင် သေနတ်တွေ ရောင်းချခဲ့တဲ့ ထိုင်းအမျိုးသားတဦးကို ရဲတပ်ဖွဲ့က စီးနင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် နမ်တဝပ် ပရွန်ခက်ကို ဘန်ကလန်ခရိုင်တွင်းက သူ့ရဲ့နေအိမ်တွင်းမှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး သက်သေအဖြစ် သေနတ်တွေနဲ့အတူ မူးယစ်ဆေးအဖြစ် အသုံးပြုတဲ့ ဘိန်းစာရွက် (Krathom Leaves) တွေကိုပါ တွေ့ရှိခဲ့ရတာပါ။ သူဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ နမ်တဝပ်အမည်နဲ့ စီးပွားရေးလုပ်ငန်းအသွင် သေနတ်တွေ ရောင်းချနေတာကို သံသယဖြစ်ဖွယ် တွေ့ရှိတာကြောင့် စီးနင်းရှာဖွေခဲ့တာ ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။ စီးနင်းရှာဖွေချိန်မှာ ပွိုင့် ၃၈ ပစ္စတို၊ ပွိုင့် ၄၅ သေနတ်၊ တူးမီးသေနတ်၊ လက်လုပ်သေနတ်တွေနဲ့ ကျည်ဆန် ၁၅ တောင့် အပါအဝင် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ နမ်တဝပ်က သေနတ်တွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ရောင်းချခဲ့တာဖြစ်ပြီး သေနတ်တလက်ချင်းစီပေါ်မှာ အမြတ်ဘတ်ငွေ ၂၀၀၀ ကနေ ၃၀၀၀ ထိ ရရှိခဲ့တယ်လို့ ထွက်ဆိုပါတယ်။ သူရောင်းချတဲ့ လက်လုပ်သေနတ်တွေဟာ ဘီဘီသေနတ်အပေါ် အခြေခံထား ပြုပြင်ထုတ်လုပ်ထားတာဖြစ်ပြီး လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေကိုတော့ ပစ္စည်းအဟောင်းတန်းတွေကတဆင့် ရရှိတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ နမ်တဝပ်ကို တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှုနဲ့ ကနဦး စွဲချက်တင်ထားတယ်လို့ ရဲတွေက ပြောပါတယ်။
4 years Ago
Up