ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့်ပို့စ် လူဖတ်များပါက အနာဂတ်တွင် ၀င်ငွေရနိုင်မည်

April 21, 2016

ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့်ပို့စ် လူဖတ်များပါက အနာဂတ်တွင် ၀င်ငွေရနိုင်မည်

လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာတင်တဲ့ ပို့စ်တွေ လူဖတ်များပါက အနာဂတ်မှာ ငွေပေးသွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒီတပတ်အတွင်း ဖြန့်ဝေခဲ့တဲ့ အသုံးပြုသူတွေနဲ့ ပတ်သက်ပြီး ကောက်ခံထားတဲ့ စစ်တမ်းမှာ အရိပ်အမြွက် ဖော်ပြထားတာဖြစ်ပြီး အသုံးပြုသူတွေက ငွေတွေရရှိနိုင်မယ့် အခွင့်အလမ်းတခုအဖြစ် ဖော်ပြထားတာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအားလုံး ရနိုင် မရနိုင်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သတင်းတွေမှာ ရေးပါတယ်။ လက်ရှိမှာတော့ တဦးချင်း အသုံးပြုသူတွေရဲ့ တင်တဲ့ပို့စ်တွေနဲ့ ပတ်သက်ပြီး ၀င်ငွေရရှိနိုင်တဲ့ အခွင့်အလမ်းကို ဖေ့စ်ဘွတ်ခ်က မပေးထားပါဘူး။
6 years Ago
Up