ဖော်မြူလာဝမ်းပြိုင်ပွဲ

March 18, 2019

ဖော်မြူလာဝမ်းပြိုင်ပွဲတွင် ဘိုတက်စ်က ကမ္ဘာ့ချန်ပီယံကို ကျော်ဖြတ်ဗိုလ်စွဲ

ဖော်မြူလာဝမ်း ကားမာင်းပြိုင်ပွဲ ရာသီသစ်ပထမဆုံးပြိုင်ပွဲဖြစ်တဲ့ သြစတြေးလျ ဂရန်းပရစ်ခ် မှာတော့ မာစီးဒီးအသင်းဖော် လက်ရှိ ကမ္ဘာ့ချန်ပီယံ လူးဝစ်ဟာမီလ်တန်ကို ကျော်ဖြတ်ပြီး ဗော့တာရီ ဘိုတက်စ်က အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဟာမီလ်တန်ကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ဘိုတက်စ်ဟာ ရာသီအလိုက် ထိပ်ဆုံး နေရာကနေ စတင်ဦးဆောင်သွားနိုင်ခဲ့ပြီး သူ့ရဲ့နောက်မှာတော့ ဟာမီလ်တန်နဲ့ တတိယနေရာမှာတော့ ရက်ဘူးလ်အသင်းရဲ့ ကားမောင်းသမားမက်စ် ဗာစတာဗန်က အစဉ်လိုက်ရပ်တည်နေပါတယ်။ ဖရာရီ အသင်းရဲ့ နာမည်ကြီး ဂျာမနီကားမောင်းသမား စဘက်စတင်ဘက်တဲလ်ကတော့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။ ပြိုင်ပွဲမှာ အနိုင်ဗိုလ်စွဲခဲ့တဲ့ ဘိုတက်စ်ကစားသမားဟာ သက်တမ်း ၈ နှစ်တာအတွင်း ပထမဆုံးဆုဖလားရရှိခဲ့တာ ဖြစ်သလို ကစားသမားအဆင့် ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ် ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
2 years Ago
Up