ဖော်ဆောင်မည်

July 6, 2017

ယာဉ်အသွားအလာထိန်းချုပ်ရန် Control Center စနစ် ဖော်ဆောင်မည်

ရန်ကုန်မြို့မှာ မီးပွိုင့်တွေကနေ ကားအသွားအလာကို ထိန်းချုပ်ဖို့အတွက် Control Center စနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ကုန်လမ်းပို့ဆောင်ရေးနဲ့ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောပါတယ်။ ရန်ကုန်မြို့မှာ တနေ့တခြားများပြားလာတဲ့ ကားအစီးရေကို ထိန်းချုပ်ဖို့က လက်ရှိ ယာဉ်ထိန်းရဲအင်အားနဲ့ လုံလောက်မှုမရှိတာကြောင့် အခုလို မီးပွိုင့်တွေကနေ ထိန်းချုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို စစ်ဆေးဖို့အတွက်လည်း ပုဂ္ဂလိကကို လွှဲပြောင်းဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ ကားအစီးရေ ၅ သိန်းကျော်ရှိပြီး တနိုင်ငံလုံးမှာ ၈ သိန်းနီးပါး ရှိတယ်လို့လည်း ပြောပါတယ်။
6 years Ago
Up