ဖော်ချွတ်ကလပ်

June 24, 2018

အရာရှိများကို လိင်ပိုင်းသွေးဆောင်ခဲ့သည့် လန်ဒန် ဖော်ချွတ်ကလပ် ပိတ်ရတော့မည်

ဖောက်သည်ဟန်ဆောင်ထားတဲ့ ကောင်စီအရာရှိတွေနဲ့ လိင်ပိုင်းဆိုင်ရာ နီးစပ်မှုရှိဖို့ ကြိုးစားခဲ့တဲ့ အဖော်အချွတ်အကမယ်များရှိရာ လန်ဒန် ကလပ်တခုဟာ ပိတ်ရတော့မယ်လို့ Mirror သတင်းမှာဖော်ပြပါတယ်။ အယ်လင်းက LA Confidential လို့ခေါ်တဲ့ ဒီကလပ်က အကမယ်တွေဟာ ဖောက်သည်တွေကို ထိတွေ့ဖို့နဲ့ သူတို့အပိုဝင်ငွေရှာနိုင်ဖို့၊ ညလုံးပေါက်အချိန်ဖြုန်းဖို့လည်း ဆွဲဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီကလပ်ထဲက အကမယ်အချို့ဟာ ပြည့်တန်ဆာမှုပြုလုပ်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာတွေ ရှိတယ်လို့ စွပ်စွဲချက်တွေဟာ အရင်ကတည်းက ထွက်ပေါ်နေခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်း ဒါကိုလျစ်လျူရှုထားတယ်လို့ စွပ်စွဲမှုတွေရှိပါတယ်။ ဒီအခြေအနေမှာ ကောင်စီအရာရှိတွေက ဖောက်သည်ဟန်ဆောင်ပြီး ကလပ်ထဲဝင် ရောက်စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။ ကောင်စီအရာရှိ နှစ်ယောက်ရဲ့ထွက်ဆိုချက်အရ သူတို့ဟာ မှတ်ပုံတင်မပါဘူးလို့ လုံခြုံရေးတွေကို ပြောခဲ့တာတောင် ငွေပေး ဝင်ရောက်နိုင်ခဲ့ကြောင်း၊ လုံခြုံရေးရဲ့လမ်းညွှန်ချက်  ကြောင့် ပေါင် ၁၀၀ တန် ဗွီအိုင်ပီအခန်းသို့ ရောက်ခဲ့ကြောင်း၊ အခန်းမှာ အဖော်ချွတ်မယ်နှစ်ဦးက သူတို့အား အသားချင်း ထိကပ်မြူဆွယ်ကာ သူတို့ရဲ့ ဖုံးကွယ်သင့်တဲ့ အရာတွေကို လှစ်ဟပြပြီး တစ်ညတာ ကုန်ဆုံးဖို့ သွေးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ အသွင်ယူအရာရှိတွေကို ပေါင် ၃၀၀ နဲ့တညတာ ကုန်ဆုံးရန် အဖော်အချွတ်မယ်တဦးက ကမ်းလှမ်းပြီး ငြိမ်ငြိမ်သက်သက် ထိုင်နေတဲ့ အရာရှိတွေကိုလည်း တခြားဖောက် သည်တွေနဲ့ မတူတာကြောင့် ဂေးလ်တွေလို့ စွပ်စွဲခဲ့ကြောင်းလည်း ထွက်ဆိုချက်မှာ ပါဝင်ပါတယ်။ လန်ဒန်မြို့အနောက်ပိုင်းမှာ တည်ရှိတဲ့ ကလပ်မှာ စီစီတီဗွီတွေ ရှိပေမယ့် လိင်ပိုင်းဆိုင်ရာ ဖြားယောင်းသွေးဆောင်မှုတွေကို ကင်မရာတွေနဲ့ ကင်းလွတ်ရာမှာ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ ကလပ်အတွက် အကမယ်တွေကို သတ်မှတ်ထားတဲ့ အသက်မှာ ၂၁ နှစ်ဖြစ်ပေမယ့် ကလပ်မှာ အသက် ၂၀ အရွယ်အကမယ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။  လိုင်စင်ထုတ်ပေးရေးအဖွဲ့က အဆိုပါကလပ်ရဲ့အမှုကို ငါးရက်အတွင်း အမိန့်ချမှတ်သွားမှာဖြစ်ပါတယ်။
3 years Ago
Up