ဖောက်ထွင်းခံရ

April 19, 2019

ဖောက်ထွင်းခံရသည့် စသုံးလုံးညွှန်မှူးအိမ်မှ ရွှေထည် ၉၇ မျိုး ပြန်သိမ်းဆည်းမိ

မော်လမြိုင်၊ မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုး ဇော်ဝင်းနေအိမ်မှာ ဖောက်ထွင်းခံရတဲ့ ရွှေထည် ၉၇ မျိုး၊ ကျပ်ငွေ သိန်း ၅၀ နဲ့ ထိုင်းဘတ် ၆၀၀၀ ကျော်ကို မနေ့မနက်ပိုင်းက ပြန်သိမ်းဆည်းနိုင်ပြီလို့ မုပွန်နယ်မြေရဲစခန်း စခန်းမှူး ဒုရဲမှူး သန့်ဇင်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ ရွှေထည် ပစ္စည်းတွေနဲ့ ငွေသားတွေကို သိမ်းဆည်းနိုင်ခဲ့ပေမယ့် ဖောက်ထွင်းသူ ရဲမင်းပိုင် ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။ သူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဇနီးဖြစ်သူ မဇာဇာအောင် (ခ) မလိမ္မာထံဆီကနေ ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားတွေကိုလည်း ပြန်လည်သိမ်းဆည်းနိုင်ခဲ့တာပါ။ သိမ်းဆည်းမိတဲ့ ပစ္စည်းတွေထဲမှာ ရွှေလက်ကောက် ၂ ကွင်းကို ဖောက်ထွင်းသူ နေအိမ်ကပ်လျက်မှာ နေထိုင်တဲ့ လှနိုင်နဲ့ ဇနီးဖြစ်သူ အိအိစံရဲ့ ပိုက်ဆံအိတ်အတွင်းကနေ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ ဒါကြောင့် မဇာဇာအောင် အပါအဝင် လှနိုင်နဲ့ အိအိစံကို စစ်ဆေးနေပြီး၊ ဖောက်ထွင်းသူ ရဲမင်းပိုင်ကို ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနညွှန်ကြားရေးမှူး နေအိမ်ဖောက်ထွင်းခံရမှုကြောင့် ရွှေထည်အပါအဝင် ငွေစက္ကူကျပ် သိန်း ၈၀ နဲ့ Samsung Galaxy Note 9 အမျိုးစား လက်ကိုင်ဖုန်းတလုံး၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း ၄၇၀ ကျပ်လောက် ပျောက်ဆုံးသွားခဲ့တာပါ။ ဒီဖြစ်စဉ်ကြောင့် ရဲမင်ပိုင်းဆိုသူကို နေအိမ်ဖောက်ထွင်းမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၄ အရ မော်လမြိုင် မုပွန်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
4 years Ago

November 25, 2018

ဒေးဗစ်ဘက်ခမ်းရဲ့ ပေါင် ၆ သန်းတန်နေအိမ် ဒုတိယအကြိမ် ထပ်မံ ဖောက်ထွင်းခံရ

ကို့စ်ဝုဒ်အရပ်မှာရှိတဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ ပေါင် ၆ သန်းတန်နေအိမ်ကြီးဟာ ဖောက်ထွင်းမှုနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့  The Mirror သတင်းမှာဖော်ပြပါတယ်။ ဒါဟာ ဒုတိယအကြိမ်မြောက် ဖောက်ထွင်းမှုဖြစ်ပြီး ဒီအိမ်ကို ပြီးခဲ့တဲ့လကလည်း ဖောက်ထွင်းရေး သမားတွေ ဝင်ရောက်ခဲ့ဖူးပါတယ်။ ပထမအကြိမ်ဖောက်ထွင်းခံရမှုကြောင့် ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ဇနီးမောင်နှံဟာ သူတို့ရဲ့ကျေးလက်စံအိမ်ကြီးမှာ လုံခြုံရေး ၇ ဦးနဲ့ အစောင့်ခွေး ၂ ကောင်တို့ ထားရှိခဲ့ပြီး ဖောက်ထွင်း ဝင်ရောက်သူတွေက လုံခြုံရေးတွေက လိုက်လံဖမ်းဆီးခဲ့ပေမယ့် မမိခဲ့ဖူးလို့လည်း The Sun သတင်းမှာ ဖော်ပြထားပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဖောက်ထွင်းမှုဖြစ်ပွားချိန်မှာ ဘက်ခမ်းတို့ ဇနီးမောင်နှံနဲ့ သူတို့ရဲ့ သားသမီးလေးဦးလုံးဟာ အိမ်ထဲမှာရှိမနေခဲ့ပါဘူး။ အသက် ၄၃ နှစ်အရွယ် ဒေးဗစ်ဘက်ခမ်းနဲ့ ၄၄ နှစ်ရွယ် ဗစ်တိုးရီးယားတို့ဟာ ဖောက်ထွင်းမှုဖြစ်ပွားချိန်မှာ လန်ဒန်မြို့မှာရှိတဲ့ တခြားအိမ်ကို ရောက်နေခဲ့ကြတာဖြစ်ပြီး တိုးမြှင့်ထားတဲ့ လုံခြုံရေးတွေကြောင့် သူတို့ပိုင်ဆိုင်မှုတွေဟာလည်း ဖောက်ထွင်းရေး သမားတွလက်ကနေ ကင်းလွတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သီတင်းပတ်အနည်းငယ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဖောက်ထွင်းမှုနဲ့ ကြုံခဲ့ရတာကြောင့် သူတို့မိသားစုဟာ ထိတ်လန့်နေတာ အသေအချာပဲလို့လည်း သတင်း တွေမှာဖော်ပြပါတယ်။ ဘက်ခမ်းတို့အိမ်ကို ဖောက်ထွင်းဖို့ ကြိုးစားသူတွေဟာ အဲဒီဧရိယာမှာရှိတဲ့ လူချမ်းသာ မိသားစုတွေကို ပစ်မှတ်ထားနေတဲ့ ဖောက်ထွင်းရေး ဂိုဏ်းတခုက ဖြစ်နိုင်ပြီး ဒီအဖွဲ့ကြောင့် ဘက်ခမ်းတို့ ဇနီးမောင်နှံကလည်း သူတို့အိမ်ရဲ့ လုံခြုံရေးကို ထပ်မံမြှင့်တင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
4 years Ago
More News
Up