ဖောက်ခွဲရေးပစ္စည်းစက်ရုံ

A d v e r t i s e m e n t With Us

June 2, 2019

ရုရှားတွင် စစ်ဘက်ဖောက်ခွဲရေးပစ္စည်းစက်ရုံတခု ပေါက်ကွဲ၊ ၂၂ ဦး ဒဏ်ရာရ

ရုရှားနိုင်ငံ အလယ်ပိုင်း ဇစ်ဇန်းမြို့မှာ ဇွန် ၁ ရက်က စစ်ဘက်ဖောက်ခွဲရေးပစ္စည်း စက်ရုံတခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာကြောင့် လူ  ၂ ယောက် ပျောက်ဆုံးနေပြီး ၂၂ ယောက် ဒဏ်ရာရတယ်လို့ Interfax နဲ့ RIA သတင်းဌာနတွေက အစီရင်ခံပါတယ်။ ပေါက်ကွဲမှုဖြစ်ရာ အဆောက်အဦ အစိတ်အပိုင်းတချို့ ပျက်စီးပြီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီပေါက်ကွဲမှု ဖြစ်ရာနေရာမှာ ဖောက်ခွဲရေးပစ္စည်းနဲ့ လက်နက်ခဲယမ်းတွေကို  သိုလှောင်ထားတယ်လို့ မီဒီယာတွေက ဆိုပါတယ်။ အခုပေါက်ကွဲမီးလောင်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာစက်ရုံဟာ ယူကရိန်းအရေးကိစ္စနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက အရေးယူ ဒဏ်ခတ်ထားတဲ့ စက်ရုံလည်း ဖြစ်ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီး လူ ၂၇ ယောက် ဆေးဘက်အကူအညီ တောင်းခံခဲ့တယ်လို့ ဒေသကျန်းမာရေးဌာနက ဆိုပါတယ်။ ဒဏ်ရာရသူအများစုဟာ ကျိုးပဲ့ဒဏ်ရာတွေ ဖြစ်တယ်လို့ ဒေသဆိုင်ရာ ဆေးဘက်ဝန်ထမ်းကို ကိုးကားပြီး Interfax သတင်းဌာနက အစီရင်ခံပါတယ်။ ဇစ်ဇန်းမြို့ဟာ မော်စကိုမြို့အရှေ့ဘက် မိုင် ၂၅၀ အကွာမှာ ရှိပါတယ်။
2 years Ago
Up