ဖောက်ခွဲရေးပစ္စည်း

November 22, 2018

ဗြိတိန်တွင် လူမနေသည့် တိုက်ခန်းမှ ဖောက်ခွဲရေးပစ္စည်း ၂ ခု တွေ့ရှိ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အနောက်မြောက်ပိုင်းက လူမနေတဲ့ တိုက်ခန်းတခုမှာ အိမ်လုပ် ဖောက်ခွဲရေးပစ္စည်းလို့ သံသယရှိတဲ့ ပစ္စည်း ၂ ခုကို နိုဝင်ဘာ ၂၁ ရက်က တွေ့ခဲ့ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေကို ဖြုတ်သိမ်းနေချိန်မှာ ဟာလက်စ်ဒန် တိုက်ခန်းတွဲက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပါတယ်။ ဖြုတ်သိမ်းပြီးချိန်မှာ ဒေသခံတွေကို ပြန်ဖို့ ခွင့်ပြုခဲ့တယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ ပစ္စည်းတွေကို ရဲတပ်ဖွဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာနက စုံစမ်း စစ်ဆေးနေပါတယ်။ ဗြိတိန်မှာ ၂၀၁၇ ခုနှစ်အတွင်း တိုက်ခိုက်မှု အတော်များများ ပေါ်ပေါက်ခဲ့အပြီး ခြိမ်းခြောက်မှုအဆင့်ကို ဒုတိယအမြင့်ဆုံးအဆင့်မှာ တပ်လှန့် သတိပေးထားပါတယ်။
3 years Ago

November 9, 2018

စပိန်ဘူတာတွင် ဖောက်ခွဲရေးပစ္စည်းတွေ့၍ ရထားလမ်း ၂ ခုကို ယာယီပိတ်

စပိန်နိုင်ငံ ဘာစီလိုနာမြို့က အဓိက ရထားဘူတာမှာ လုံခြုံရေးစစ်ဆေးတဲ့ ကိရိယာက ခရီးဆောင်အိတ်တလုံးထဲက ဖောက်ခွဲရေးပစ္စည်းလို့ ယူဆရတဲ့ အရာဝတ္ထုတခုကို တွေ့ရှိခဲ့တာကြောင့် ရထားလမ်း ၂ ခုကို နိုဝင်ဘာ ၇ ရက်မှာ ယာယီပိတ်ခဲ့ရပါတယ်။ ဗုံးဖြုတ်သိမ်းရေး ရဲတပ်ဖွဲ့ကို စေလွှတ်စစ်ဆေးအပြီး နောက်ပိုင်းမှာ ရဲတွေက အန္တရာယ်မရှိကြောင်း ကြေညာခဲ့ပြီး မြန်နှုန်းမြင့် ရထားလမ်း ၂ ခုကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ မက်ဒရစ်မြို့တော်က အာတိုချာဘူတာမှာလည်း ရဲအမိန့်နဲ့ လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ စပိန်ဘူတာရုံကုမ္ပဏီ ရန်ဖေက ပြောပါတယ်။ ဒါပေမယ့် အကြောင်းရင်းကိုတော့ ရဲတွေက မပြောခဲ့ပါဘူး။ အာတိုချာဘူတာမှာ ၂၀၀၄ ခုနှစ်က ဗုံးကွဲလို့ လူ ၁၉၃ ယောက် သေဆုံးပြီး လူ ၂၀၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ အယ်လ်ကိုင်းဒါးတွေကို သစ္စာခံတဲ့ အစ္စလာမ္မစ် စစ်သွေးကြွတွေက ဗုံးခွဲခဲ့တာလို့ ရဲတွေက ပြောထားပါတယ်။
3 years Ago
More News
Up