ဖောက်ခွဲတိုက်ခိုက်

March 22, 2019

ဂရိနိုင်ငံရှိ ရုရှားကောင်စစ်ဝန်ရုံး ဖောက်ခွဲ တိုက်ခိုက်ခံရ

ဂရိနိုင်ငံ အေသင်မြို့က ရုရှားကောင်စစ်ဝန်ရုံးကို မတ်လ ၂၂ ရက်နေ့ အစောပိုင်းက မော်တော်ဆိုင်ကယ်စီး တိုက်ခိုက်သူတွေက ဖောက်ခွဲရေးပစ္စည်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ပစ်ဗုံးဖြစ်ပုံရတဲ့ အဲဒီပေါက်ကွဲမှုဟာ မပြင်းထန်ဘဲ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။ အေသင်မြို့မြောက်ပိုင်း ကာလန်ဒရီ ဆင်ခြေဖုံးက အဲဒီကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကမှ တာဝန်ယူ ပြောကြားတာ မရှိပါဘူး။ ၂၀၁၆ ခုနှစ်တုန်းကလည်း အေသင်မြို့အလယ်ပိုင်း ပြင်သစ်သံရုံးမှာ အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်ခဲ့ပြီး လုံခြုံရေးတဦး ဒဏ်ရာရခဲ့ပါတယ်။ ဂရိနိုင်ငံမှာ အာဏာပိုင်တွေကို ဆန့်ကျင်တဲ့ အဖွဲ့တွေက ကုမ္ပဏီတွေ၊ ရဲတွေ၊ နိုင်ငံရေးသမားတွေနဲ့ သံရုံးတွေကို အသေးစား တိုက်ခိုက်တာတွေ မကြာခဏ လုပ်ဆောင်လေ့ ရှိပါတယ်။
2 years Ago
Up