အသက် ၁၈ နှစ်အထိ နောက်တန်းကစားသမားအဖြစ်ကစားခဲ့တယ်လို့ လီဗာပူးတိုက်စစ်မှူး ဖေမီနိုက ပြောကြားလိုက်ပါတယ်။
အသက် ၂၄ နှစ်ရှိ ဘရာဇီးလက်ရွေးစင် ဖေမီနိုအနေနဲ့ နောက်တန်းအစွန်ကနေ နောက်တန်းဗဟို ခံစစ်ကစားသမားအဖြစ် အသက် ၁၈ နှစ်အထိကစားခဲ့တယ်လို့ ဆိုပါတယ်။
ဖေမီနိုဟာ ကစားသမားဘ၀ကို ဘရာဇီးကလပ် CRB မှာ စတင်ခဲ့သူဖြစ်ပြီး ဘရာဇီးကလပ် အသင်း တသင်းဖြစ်တဲ့ Figueirense အသင်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ စတင်ခဲ့သူဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဂျာမနီကလပ် ဟော့ဖန်ဟိမ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ လီဗာပူး အသင်းဆီရောက်ရှိလာတာပါ။
ဖေမီနိုဟာလက်စတာကို ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ အနိုင်ဂိုး ၂ ဂိုး သွင်း ယူနိုင်ခဲ့သူဖြစ်ပြီး နည်းပြ ဂျာဂန်ကလော့ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။
ဂျာဂန်ကလော့ဟာ ဖေမီနိုကို ဘရာဇီးတိုက်စစ်မှူးနေမာလိုဖြစ်အောင် လေ့ကျင့်ပေးနေပြီး နေမာလို စွမ်းဆောင်ရည်မျိုးရမလား ဆိုတာကတော့ မိမိရဲ့ကြိုးစားမှုအပေါ်မှာပဲ မှုတည်တယ်လို့လည်း ဖေမီနိုက ဆိုပါတယ်။
6 years Ago