ပေ ၉၀ အမြင့်ထိ ငှက်သိုက်တက်နှိုက်သည့် ၀က်ဝံ (ရုပ်သံ)

June 6, 2015

ရုရှားစတန့်သမား ဂျီးရပ်ခ်တောင်ပေါ်ကနေ တောင်ပံတပ်ဝတ်စုံဖြင့် ခုန်ချပြ (ရုပ်သံ)

လေကြောင်းစတန့်တွေ အတွဲလိုက် လုပ်ပြခဲ့ဖူးတဲ့ အသက် ၅၀ အရွယ် ရုရှား အားကစားသမား ဗယ်လာရီ ရိုဇော့ဗ်ဟာ တောင်ပံတွေတပ်ထားတဲ့ ဝတ်စုံကိုဝတ်ပြီး ရုရှမြောက်ပိုင်း ကော့ကေးဆပ်တောင်ကြား ဂျီးရပ်ခ်တောင်ပေါ်ကနေ ခုန်ချ ပြခဲ့ပါတယ်။ တောင်ပေါ်ကနေ အကြောက်အလန့်မရှိ ခုန်ချပြီး မတ်စောက်တဲ့ တောင်ကြားတလျှောက် ပျံသန်းရင်း နောက်ဆုံး မြေပေါ်ကို လေထီးနဲ့ ဘေးကင်းကင်း ဆင်းသက်ခဲ့ပုံကို ရိုက်ကူးထားတဲ့ ရုပ်သံကို ဇွန် ၃ ရက်နေ့က အင်တာနက်ပေါ် တင်ခဲ့ပါတယ်။ အမြင့်မီတာ ၁၂၀၀ လောက်က ခုန်ချခဲ့တာ ဖြစ်ပြီး လေထဲမှာ ၁ မိနစ်လောက် အလွတ်ကျဆင်းခဲ့တာပါ။ ဖေဖော်ဝါရီလကလည်း ရိုဇော့ဗ်ဟာ သီးခြားရပ်တည်နေတဲ့ တောင်တွေထဲမှာ ကမ္ဘာ့အမြင့်ဆုံးဖြစ်တဲ့ ကီလီမန်ဂျာရိုတောင်ရဲ့အမြင့် မီတာငါးထောင်လောက်ကနေ ပထမဆုံးအကြိမ် ခုန်ချခဲ့ပါသေးတယ်။ [gallery ids="96323,96324,96325,96326"]
6 years Ago

ပေ ၉၀ အမြင့်ထိ ငှက်သိုက်တက်နှိုက်သည့် ၀က်ဝံ (ရုပ်သံ)

ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်း ဖို့သ်စမစ်မြို့က ပေ ၉၀ လောက် မြင့်တဲ့ လျှပ်စစ်ဓာတ်အားပေး ထိုင်ထိပ်ထိ ဝက်ဝံတကောင်က တက်ပြီး ငှက်သိုက်တခု ယူနေပုံကို ရိုက်ကူးထားတဲ့ အပျော်တမ်း ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာပါတယ်။ မျှော်စင်ပေါ် တက်ချိန်ရော၊ ဆင်းချိန်မှာပါ ကျီးကန်းတွေက ဝက်ဝံကို ဝိုင်းအာခဲ့ပေမယ့် သူကတော့ အရေးမစိုက်ခဲ့ဘူးလို့ ဒီရုပ်သံကို ရိုက်ကူးခဲ့တဲ့ လင်ဒါ ပိုဝဲလ်က ပြောပါတယ်။ ဝက်ဝံက မြေပေါ် ပြန်ရောက်ချိန်မှာ သူ့ဟာသူ ဆက်ထွက်သွားခဲ့တယ်လို့ ဆိုတယ်။  
6 years Ago
Up