ပေ ၁၅၀၀ အမြင့်ရှိ ရေဒီယိုတာဝါတိုင်ပေါ် သက်စွန့်ဆံဖျား တက်ခဲ့သူ(ရုပ်သံ)

A d v e r t i s e m e n t With Us

February 28, 2016

ပေ ၁၅၀၀ အမြင့်ရှိ ရေဒီယိုတာဝါတိုင်ပေါ် သက်စွန့်ဆံဖျား တက်ခဲ့သူ(ရုပ်သံ)

ပေပေါင်း ၁၅၀၀ အမြင့်ရှိတဲ့ ဒီရေဒီယိုတာဝါတိုင်ပေါ် ဘာအကာအကွယ်မှ မပါပဲ တက်ဖို့ ဆိုတာ ရုတ်တရက်သေကြောင်းကြံစည်သူမှသာ လုပ်ပြမယ့်အရာတခုပါပဲ။ ဒါပေမယ့် အမျိုးသားတဦးဟာ အကာအကွယ်ကိရိယာ တန်ဆာပလာဘာတခုမှ မပါဝင်ပဲ တကိုယ်တော် တက်ရောက်ခဲ့တာကို “မြို့ပြစွန့်စားမှုများ” အမည်နဲ့ ယူကျုဘ် အင်တာနက်စာမျက်နှာပေါ်မှာ ရင်သပ်ရှုမော တွေ့ရပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်အညွှန်းမှာ “ရေဒီယိုရောင်ခြည်နဲ့ လျှပ်စစ်ဓာတ်လိုက်သေဆုံးမှု တွေလို အရာတွေကို မသိမြင်နိုင်ချိန်မှာပဲ အလွယ်တကူ aသဆုံးသွားနိုင်ပါတယ်”လို့ ရေး ခဲ့တာပါ။ အဲဒီတာဝါတိုင်ဟာ အမေရိကန်နိုင်ငံမှာ တည်ရှိပြီး အင်ပါရာစတိတ်အဆောက် အအုံ(၁၄၅၄ ပေ) ထက်ပိုမြင့်တယ်လို့ Gizmodoသတင်းမှာ ဖော်ပြပါတယ်။ ဒီတာဝါတိုင်ပေါ်ကို အောင်မြင်စွာတက်ပြနိုင်ဖို့ အချိန် လေးနာရီကြာခဲ့တာပါ။
5 years Ago
Up