ပေါ်တူဂီ ရုပ်သံအစီစဉ်တခုက အ၀တ်အစားကို သွားဖြင့်ချွတ်ပြသည့်ပြိုင်ပွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

November 3, 2016

ပေါ်တူဂီ ရုပ်သံအစီစဉ်တခုက အ၀တ်အစားကို သွားဖြင့်ချွတ်ပြသည့်ပြိုင်ပွဲ (ရုပ်သံ)

ပေါ်တူဂီနိုင်ငံက ရုပ်သံအစီအစဉ်တခုမှာ အမျိုးသားတဦးဟာ သွားအသုံးပြုပြီး အမျိုးသမီးတဦးရဲ့ အဝတ်အစားတွေကို ချွတ်ပြခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ရေပန်းစားနေခဲ့ပါတယ်။ ဒါဟာ ဗြိတိန်နိုင်ငံမှ Reality Show အစီအစဉ်လို ရုပ်သံတင်ဆက်မှုတခုဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြတဲ့ စုံတွဲတွေဟာ တဦးရဲ့ အဝတ်တွေကို တဦးက သွားအသုံးပြုကာ ချွတ် ပေးရတာ ဖြစ်ပါတယ်။ မေရာသတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဆိုပါ အမျိုးသားဟာ သွားနဲ့ ကိုက်ကာ အမျိုးသမီးရဲ့ အပေါ်ထပ်အင်္ကျီကို ချွတ်ပေးခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ အမျိုးသမီးမှာ အပေါ်ပိုင်းဘီကီနီတထပ်တည်းသာ ကျန်တော့တာ ဖြစ်ပြီး အောက်ပိုင်းမှာတော့ ဂျင်းဘောင်းဘီအတိုကျပ်ကျပ်တထည် ဝတ်ဆင်ထားခဲ့တာပါ။ အမျိုးသားဟာ အမျိုးသမီးရဲ့ ခါးအောက်ပိုင်းဆီ ဆင်းသွားခဲ့ပြီး ဘောင်းဘီကို ချွတ်နိုင်ဖို့ ကြယ်သီးကို သွားနဲ့ ဖြုတ်ဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် ဘောင်းဘီရဲ့ ဇစ်ကို ဖြုတ်ချနိုင်ဖို့ ကြိုးစားခဲ့ရတာဖြစ်ပြီး သွားနဲ့ ကိုက်ကာ ဘောင်းဘီကို အောက်ဘက်ကို ဆွဲချွတ်ပြလိုက်တာပါ။ ဒါဟာ ပရိသတ်လက်ခံအားပေးတဲ့ အစီအစဉ်တခုဖြစ်ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
4 years Ago
Up