ပေါ်တူဂီ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ဆွတ်ခူး

March 21, 2017

ပေါ်တူဂီ တနှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ရော်နယ်ဒို ဆွတ်ခူး

ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံရဲ့ တနှစ်တာအတွက် အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိသွားပါတယ်။ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ အသင်းဖော် နောက်တန်းကစားသမား ပီပီကို ဖြတ်ကျော်ပြီး ဆုရသွားတာပါ။ ပေါ်တူဂီအသင်းနည်းပြ ဖာနန်ဒို ဆန်းတို့စ်ကတော့ တနှစ်တာ အကောင်းဆုံးနည်းပြဆုနဲ့ လူငယ်ကစားသမား ရီနာတို ဆန်းချက်ကတော့ တနှစ်တာအတွက် အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားပါတယ်။ အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ပေါ်တူဂီအသင်းကို ဥရောပချန်ပီယံဖြစ်အောင် ကူညီထားသလို ရီးရဲလ်မက်ဒရစ်ကိုလည်း ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ စွမ်းဆောင်ပေးထားပါတယ်။ ပေါ်တူဂီနိုင်ငံရဲ့ အကောင်းဆုံး ဘောလုံးသမားဆုရတာနဲ့ ပတ်သက်လို့ ရော်နယ်ဒိုက လက်ရွေးစင်အသင်းဖော်တွေနဲ့ ရီးရဲလ်အသင်းဖော်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။ သူဟာ ဖီဖာကပေးအပ်တဲ့ ၂၀၁၆ အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ဆွတ်ခူးထားပါတယ်။
5 years Ago
Up