ပေါ်တူဂီနိုင်ငံ မာကိုမြို့မှာ ဇူလိုင် ၂၅ ရက်နေ့က တညလုံး တောမီးလောင်ကျွမ်းတာကြာင့် ကျေးရွာ ၁၀ ရွာကို ပြောင်းရွှေ့ ကယ်ဆယ်ခဲ့ရပါတယ်။
ပေါ်တူဂီနိုင်ငံ ကက်စ်တယ်လ်လို ဘရန်ကိုပြည်နယ်နဲ့ ဆန်တာရန်ပြည်နယ်တွေမှာ တောမီးလောင်ကျွမ်းနေတာဖြစ်ပြီး မီးသတ်သမား ၁,၅၀၀ လောက်က ငြှိမ်းသတ်နေရတာပါ။
အခုလောင်ကျွမ်းနေတဲ့ တောမီးကို ‘အလွန်ပြင်းထန်တဲ့အဆင့်’ အဖြစ် မာကိုမြို့တော်ဝန်က သတ်မှတ်ထားပါတယ်။
ပေါ်တူဂီနိုင်ငံမှာ အခုနှစ်အတွင်း မြေဟက်တာ ၇၅,၂၅၄ တောမီးလောင်ကျွမ်းခဲ့ရာ ဒီပမာဏဟာ ဆယ်နှစ်အတွင်း အများဆုံးလည်းဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago