ပေါ်တူဂီနိုင်ငံ မက်ဒီရာကျွန်းမှာ သြဂုတ် ၁၅ ရက်က ခရစ်ယာန်ဘာသာရေး ဝတ်ပြုဆုတောင်းနေတဲ့ လူအုပ်ထဲ သစ်ပင်လဲကျခဲ့လို့ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံ သတင်းမီဒီယာက ဖော်ပြပါတယ်။
မက်ဒီရာကျွန်းရဲ့ မြို့တော် ဖန်ချယ်ရဲ့ တောင်ကုန်းပေါ်က ခရစ်ယာန်ဘုရားကျောင်းမှာ ရိုမန်ကက်သလစ် ဘာသာရေးပွဲတော် ကျင်းပနေတုန်း သစ်ပင်ပြိုလဲကျခဲ့တာ ဖြစ်ပါတယ်။
ဒီဘာသာရေးပွဲတော်ဟာ မက်ဒီရာကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အကြီးဆုံးပွဲတော်တခုဖြစ်ပြီး လူအများအပြားလည်း လာရောက်ကြပါတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago